Main menu

Background

အောင်ပန်းချင်းဈေးကွက်ကို ချင်းအဝင်လှိုင်ပေမဲ့ ချင်းနုတွေသာများ

Tue, 10/15/2013 - 13:04 -- ydnar

အောင်ပန်းဈေးကွက်မှာ ချင်းကအဝင်များလာပါတယ်။ သီတင်းကျွတ်ခါနီးလာ တော့ ငွေလိုတဲ့တောင်သူ တွေကလည်း ဖော်ပြီးရောင်းနေကြတာကြောင့် အဝင်က လည်းလှိုင်နေပါတယ်။ အဖိတ်ဈေးနဲ့ ဈေးနေ့တွေမှာ ပိုပြီးအဝင်များလေ့ရှိပြီး၊ အဲဒီရက်တွေမှာ တစ်ရက်ကို ပိဿာချိန် တစ်သောင်းခန့်အဝင်ရှိနေတယ် လို့ သိရပါတယ်။ ဒါပေမဲ့ အခုလက်ရှိဝင်နေတဲ့ချင်းက ချင်းနုတွေသာဖြစ်တာကြောင့် ကြာရှည်လည်း အထားမခံသေးပါဘူး။

ငွေလိုနေတဲ့တောင်သူတွေက မရင့်သေးတဲ့ ချင်းနုတွေကို တူးပြီးရောင်းနေတာကြောင့် ဈေးကွက်မှာလည်း အရင့်တွေကနည်းပြီး၊ အနုတွေသာများနေပါတယ်။ ပြည်ပဝယ်လက်ကလည်း ရပ်နေပါသေးတယ်။ ရှိခဲ့ရင် တောင်မှ အခုဝင်တဲ့ချင်းတွေကိုတော့ တင်လို့မဖြစ်နိုင်သေးဘူးလို့လည်းဆိုပါတယ်။အဝေးကိုတင်ပို့ရင် အရည်တွေထွက်ပြီး ပုပ်ကုန်တတ်တာကြောင့် နထစသမအ အတွက် လည်း မကောင်းသေးဘူးလို့ ဈေးကွက်သတင်းကသိရပါတယ်။ ချင်းသစ် တွေကို တော့ ချင်းထိုးသမားတွေအတွက်သာ အရောင်းအဝယ်ပြုလုပ်နေရပြီး၊ နယ်အစုံကို လည်း တစ်ပတ်အတွင်း  ပိဿာချိန် ၃၊ ၄ ထောင်ခန့်သာ တင်ပို့နေရသေးတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အောင်ပန်းအနီး တဝိုက်ကနေဝင်လာတဲ့ ချင်းတွေကို လှောင်လက်တွေကသာ ဝယ်ယူနေပါသေးတယ်။ အဝယ်သာများများ ရှိနေပြီး၊ ရောင်းအားကတော့ သိပ်မကောင်းသေးပါဘူး။ ချင်းဈေးကလည်း အရည် အသွေးပေါ်မူတည်ပြီး ကောင်းရင် တစ်ပိဿာ ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အထိရှိပြီး၊ အညံ့တွေကတော့ ၅၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ် အေးနေပါတယ်။ ပွဲရုံတွေကသာ လှောင်ဖို့အတွက်ဝယ်ယူနေပြီး ပွဲရုံကောက်ဈေးက တစ်ပိဿာ ၁၂၅၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး