Main menu

Background

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက စက်တင်ဘာလအတွင်း ကြက်သွန်နီတန် ၃၇၀၀ ကျော် တင်ပို့

Tue, 10/15/2013 - 13:20 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကြက်သွန်နီတန် ၃၇၅၂ ဒသမ ၉၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော သြဂုတ်လထက် တန် ၂၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့သလို ကာလ တူ ဖြစ်သော ၂၀၁၂ ခုနှစ် စက်တင်ဘာလထက်လည်းတန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အောက် တိုဘာလ ၂ ရက်မှ ၈ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၅၁၂ တန်နီးပါး တင်ပို့နိုင်ခဲ့၍ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၂ ဒသမ ၇၆ တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းက ယခုအပတ်တွင် ကြက်သွန်နီတင်ပို့နိုင်ခြင်း မရှိခဲ့သလို ယခင်အပတ်ကလည်း တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၅၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၅၄ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းက ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၅၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၄ တန်ကျော် လျော့နည်း တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းကလည်း ကန်ဒေါ်လာ သုည ဒသမ ၀၃၂ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၅၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်ပါက ၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးအနေနဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၅၁၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၃၃၇ တန်ကျော် လျော့နည်းတင်ပို့ခဲ့တယ်လို့သိရှိရပါတယ်။ခင်မြနွယ်  MIRT (DCCA)