Main menu

Background

မူဆယ်ဝယ်လက်တို့ ဆင်တောင်နနွင်းသန့်ကို ရွေးဝယ်

Tue, 10/15/2013 - 13:22 -- ydnar

အောက်တိုဘာ ပထမပတ်မှာ မူဆယ်ဝယ်လက်တွေက အောင်ပန်းမှာ အထိုင်ချပြီး၊ ဆင်တောင်နနွင်း အသန့်တွေကို ဝယ်ယူသွားပါတယ်။ တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ ပိဿာချိန် ပေါင်း ခြောက်သောင်းခန့် ဝယ်ယူ သွားတယ်လို့လည်း နနွင်း ပွဲရုံတွေကသိရပါတယ်။ဆင်တောင်နနွင်းတစ်မျိုးတည်းကိုသာ ဝယ်ယူပြီး အောင်ပန်းကနေ တိုက်ရိုက်မူဆယ်ကို တင်ပို့ တယ်လို့လည်း သိရပါတယ်။

ပစ္စည်းသန့်တွေကိုသာ ရွေးပြီး ဝယ်နေပေမဲ့ လောလောဆယ်မှာတော့ ပစ္စည်းအသန့်က လည်းရှားနေပါတယ်။ရိုးရိုးနနွင်းတွေကိုတော့ ဈေးပတ်သမား တွေကသာ ဝယ်ယူပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာလဆိုရင် ရှမ်းပြည်နယ်မှာ ပွဲတော်တွေက ဆက်နေပါတယ်။ ဖောင်တော်ဦး ဘုရားပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲတော်စတဲ့ ပွဲတော်ဆက် တိုက်ဖြစ်နေတော့ ဒီအချိန်ဆိုရင် တောင်သူတွေ အတော် များများကလည်း ပွဲတော်နဲ့အလှူပွဲတွေလုပ်ချင်တာကြောင့် ပစ္စည်းတွေ ထုတ်ရောင်းလေ့ ရှိပါတယ်။ အဲဒါကြောင့် ပွဲရုံ တွေမှာလည်း အဝယ်ကသာများနေပြီး၊ အရောင်းကလည်း နည်းနေတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဒီတစ် ပတ် နနွင်းပေါက်ဈေးကတော့ ဆင်တောင်နနွင်းက ၁၀၅၀ ကျပ်၊ ၁၁၀၀ ကျပ်၊ အောင်ပန်း (၁) ၇၀၀ ကျပ်၊ အောင်ပန်း  (၂)၆၀၀ကျပ်၊အောင်ပန်း(၃)၅၀၀ကျပ်ဈေးရှိတယ်လို့အောင်ပန်း ကုန်စည်ဒိုင်က သိရပါတယ်။          ဧဧခိုင်-တောင်ကြီး