Main menu

Background

ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးပါ ကျဆင်းလာ

Tue, 10/15/2013 - 13:33 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးကျဆင်းမှု နှင့်အတူ လိုက်ပါကျဆင်းခဲ့သည်။အမေရိကန်ဒေါ်လာတစ်ရာတန် ငွေစက္ကူသစ်ထုတ်ဝေမှုကြောင့် ဈေး ကွက်အတွင်း အဆိုပါဒေါ်လာတစ်ရာ တန်ငွေစက္ကူသစ်ပေါ်တွင် အာရုံစိုက် လျက်ရှိခဲ့ရာ တစ်ဖက်မှ ရွှေဝယ်လိုအား များကျဆင်းလာခဲ့ပြီး ဈေးများကျဆင်း ခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရွှေကုန် သည်တစ်ချို့က သုံးသပ်လျက်ရှိသည်။

ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေဝယ် လိုအားများကျဆင်းမှုသည် အဆိုပါ ဒေါ်လာတစ်ရာတန်ကြောင့်ဖြစ်နိုင် သလို အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ သစ်အဖြစ် အမေရိကန်သမ္မတ အိုဘား မားက အမေရိကန်ဗဟိုဘဏ်၏လက် ရှိဒုတိယဥက္ကဋ္ဌဖြစ်သူ ဂျက်နက် ယယ် လင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ် ရန် အမည်စာရင်းတင်သွင်းခဲ့မှုကြောင့် လည်းဖြစ်နိုင်ကြောင်း သုံးသပ်လျက် ရှိကြသည်။''မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး နဲ့ဆက်စပ်နေတာ။ ပြီးတော့ ဒီမှာက ငွေလဲနှုန်းကလည်းတည်ငြိမ်နေတော့ ရွှေဈေးတက်စရာ အကြောင်းမရှိဘူး လေ။ အရင်ရက်တွေတုန်းကတော့ ရွှေ ဈေးကို တက်လာမယ်လို့ မှန်းထားတာ။ ဒါပေမယ့် ဒီနေ့(အောက်တိုဘာ ၁၀) ရက်နေ့မှာတော့ ရွှေဈေးက မထင် မှတ်ဘဲ ကျသွားတယ်။ တစ်ရက်ထဲကို သုံးထောင်လောက်ကျသွားတာ။ သီ တင်းကျွတ်ရာသီနီး လာသလို အိန္ဒိယ ဒီပါဝလီပွဲတော်ကလည်း နီးလာတဲ့ အချိန်မှာ ရွှေဈေးက မထင်မှတ်ဘဲ ကျ သွားတာ။ ရွှေကုန်သည်အများစုက တော့ ဒီပွဲတော်တွေကြောင့် ရွှေဈေး တက်လာမယ်လို့ မျှော်လင့်ထားတာ။ ဒါ ပေမယ့် မမျှော်လင့်တဲ့ဖြစ်ရပ်က ဝင် လာတဲ့အခါကျတော့ ရွှေဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်တာပေါ့"ဟု ရွှေကုန်သည်ဦးစံမြင့်ကပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် အောက်တို ဘာလ ၇ရက်နေ့က ကျပ် ၆၉၀၅၀၀ ရှိခဲ့ပြီး အောက်တိုဘာ ၈ရက်နေ့တွင် ကျပ် ၆၉၂၅၀၀ သို့ မြင့်တက်ခဲ့သည်။ သို့သော် အောက်တိုဘာ ၉ရက်နေ့တွင် ကျပ် ၆၉၁၀၀၀သို့ကျဆင်းခဲ့ပြီး အောက် တိုဘာ ၁၀ရက်နေ့တွင် ကျပ် ၆၈၈၀၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ လ ၁၁ရက်နေ့တွင်မူ ကျပ် ၆၈၆၄၀၀ သို့ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အောက်တို ဘာ ၇ရက်နေ့က ၁၃၁၅ ဒေါ်လာရှိခဲ့ ရာမှ အောက်တိုဘာလ ၈ရက်နေ့တွင် ၁၃၂၁ဒေါ်လာသို့ မြင့်တက်ခဲ့သည်။ သို့သော် အောက်တိုဘာလ ၁၀ရက် နေ့တွင် ၁၃၀၂ဒေါ်လာသို့ ကျဆင်းခဲ့ ပြီး အောက်တိုဘာလ ၁၁ရက်နေ့တွင်  ၁၂၉၁ဒေါ်လာသာရှိခဲ့သည်။မယ်သီတာ