Main menu

Background

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန်ငါးရာသာဝင်

Tue, 10/15/2013 - 13:34 -- ydnar

စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်း  ဓာတ်ဆီတန် ချိန်ငါးရာနဲ့ ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် ဒီဇယ် အဝင်မှာ တန်ချိန် နှစ်ထောင်ကိုးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်သောင်း ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဓာတ်ဆီအဝင်စုစုပေါင်း မှာတန်ချိန် လေးသောင်းနှစ်ထောင်ခုနှစ်ထောင်ကျော် ၊ ဒီဇယ်အဝင်မှာ စုစုပေါင်း တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး စက်တင်ဘာလအတွင်း ဓာတ်ဆီ စုစု ပေါင်းမှာလေးသောင်းနှစ်ထောင်နှစ်ရာကျော် ၊ ဒီဇယ်အဝင်မှာ တန်ချိန် ကိုးသောင်း ငါးထောင်ကျော်ရှိခဲ့တာကြောင့်စက်တင်ဘာလမှာဓာတ်ဆီတန်ချိန်ငါးရာကျော်အဝင် လျော့ခဲ့ပြီးဒီဇယ်တန်ချိန်နှစ်သောင်းတစ်ထောင်ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။      ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ်မှာ တောင်ကြီး၊ ရန်ကုန်၊ မော်လမြိုင်တို့မှာ ဈေးငြိမ်နေပြီး အောက်တိန်း ဈေးက အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပြင်ပမှာ လက်လီ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ရန်ကုန်၊ မန္တလေးတို့မှာ ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်းပဲရှိနေပြီး အောက် တိန်းက ဈေးအနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင်များမှာ ဓာတ်ဆီဈေးမှာ ပီပါဈေးများ ဈေးငြိမ်နေသလိုဒီဇယ်ဈေးမှာလည်း ငြိမ်နေတယ်လို့သိရပါတယ်။အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဓာတ်ဆီ တစ်ပီပါဝယ် ဈေး ၂၀၅၀၀၀ကျပ်ရောင်းဈေးက တစ်ပီပါ ၂၁၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဒီဇယ်ဈေးကလည်း အောက်တိုဘာ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဝယ်ဈေး တစ်ပီပါ ၁၉၀၀၀၀ ကျပ်၊ ရောင်းဈေးတစ်ပီပါ ၁၉၃၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်ပြီး ရောင်း ဈေး ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ် ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်း သိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများ ငြိမ်နေသလို လက်လီဆိုင်များရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ပီပါအလိုက် ဒီဇယ်ဝယ်ဈေးမှာ ၁၉၃၀၀၀ ကျပ် ၊ရောင်း ဈေး ၁၉၅၀၀၀ ကျပ်ဖြစ်တယ်လို့သိရပြီး၊ ဓာတ်ဆီ ပီပါဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန်ဝယ်ဈေး ၄၄၀၀ ကျပ်၊ ရောင်းဈေး ၄၆၀၀ ကျပ် ဖြစ် ပြီး၊ ဒီဇယ်ကဝယ် ဈေး ၄၂၀၀ ကျပ် ၊ ရောင်းဈေး ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိက  စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၀၀ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ်၊အောက်တိန်း ၄၃၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများမှာ ယခင်တစ်ပတ် ဈေးအတိုင်း ဓာတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ် ၊ အောက်တိန်း ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ်နေပေမဲ့ အောက်တိန်းဈေးမှာ ဈေးကျလာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၉၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ဒီဇယ် ၄၃၀၀ ကျပ်၊ အောက်တိန်း၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။MIRT-DOT