စက်တင်ဘာလမှာ နို့ဆီအဝင်လျော့၊ နို့မှုန့်အဝင်ပို
စက်တင်ဘာ ၂၉ ရက်မှ အောက် တိုဘာ ၅ ရက် သီတင်းတစ်ပတ်မှာကန် ဒေါ်လာသုံးသိန်းကျော်တန်ဖိုးရှိ နို့ဆီ ၁၂၂ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီမှာ ဒွန်း နို့ဆီဖြစ်ပါတယ်။ ယခင်သီတင်း ပတ်မှာ တန်ချိန်တစ်ရာ့ငါးဆယ်ကျော် ဝင်လာခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံး ဆယ်ကျော်အဝင် လျော့ခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာကျော်ဝင်လာခဲ့တာကြောင့်ယခင် တစ်ပတ်ထက်စာရင်တန်ချိန်ရှစ်ဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့် မယ်ဆိုရင် သြဂုတ်လနို့ဆီအဝင်မှာတန် ချိန် တစ်ထောင့်လေးရာ ကျော်ရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ငါးရာ့ကိုး ဆယ်ကျော် သာရှိခဲ့တာကြောင့် ဒီလမှာ တန်ချိန် ရှစ်ရာကျော်အဝင်လျော့ခဲ့ပြီး နို့မှုန့်ကဒီလမှာတန်ချိန် သုံးဆယ်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
