Main menu

Background

စက်တင်ဘာလအတွင်း နှမ်းတင်ပို့မှုမှ ကန်ဒေါ်လာ သိန်းရှစ်ဆယ်ကျော်ရရှိ

Tue, 10/15/2013 - 14:53 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက် သီတင်းပတ်အတွင်း နှမ်းတန်ချိန် ၇၅၄ ဒသမ ၅၁ တန်၊ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အတွင်းမှာ ၉၃၂ ဒသမ ၁၆ တန်၊ စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အတွင်းမှာ ၁၀၈၀ ဒသမ ၂၈ တန်၊ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာ ၆၆၃ ဒသမ ၆၁ တန်နဲ့ နောက်ဆုံးပတ်မှာ ၆၂၄ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံများကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း နှမ်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၈ ဒသမ ၀၄၁ သန်းကျော်ရခဲ့ပြီး တင်ပို့ခဲ့တဲ့ တန်ချိန်မှာ ၄၀၅၅ ဒသမ ၀၆ တန်ရှိခဲ့ပါတယ်။ သြဂုတ်လအတွင်း နှမ်းတင်ပို့မှုမှာ ၂၆၉၈ ဒသမ ၉၅ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နှမ်းတင်ပို့မှု တန်ချိန် ၁၃၅၇ တန် ပိုခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ နှမ်းတင်ပို့မှုမှာ တန်ချိန် သုံးထောင့်ခုနှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီနှစ် စက်တင်ဘာလတင်ပို့မှုနဲ့ ယှဉ်ရင် ဒီနှစ်မှာ တန်ချိန် နှစ်ရာ့ရှစ်ဆယ်ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                      MIRT - DTP