Main menu

Background

အောက်တိုဘာ ၁၀ ရက် မုံရွာနှမ်းဈေးကွက်ဆက်လက်ဈေးမာ

Tue, 10/15/2013 - 15:03 -- ydnar

အောက်တိုဘာ ၁၀ ရက်က မုံရွာ ဆီထွက်သီးနှံဈေးကွက်မှာ နယ်ဘက်က ပစ္စည်း ဝင်ရောက်မှု လျော့လာပြီး၊ တရုတ် လက်က ဆွဲအားကောင်းနေဆဲ ဖြစ်တာကြောင့် နှမ်းရောင်စုံအမြင့်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ဈေးအနိမ့်ဆုံးရတဲ့ နှမ်းညိုဈေး ကွက်မှာပင် တစ်တင်း ၃၅၅၀၀ ကျပ်ထိ ဈေးရလာခဲ့ပြီး၊ ဒေသခံဆီစက်သမား အချို့ လက်လီကြိတ်ခွဲဖို့ တစ်ရက်အိတ် ၅၀ - ၁၀၀ အဝယ်ရှိခဲ့ကာ မန်းလက် အနေနဲ့ တစ်ရက် နှမ်းညိုအိတ် ၁၀၀ ခန့် အဝယ်ရှိတယ်လို့ ဆိုပါတယ်။

ယခုတစ်ပတ် နှမ်းဝါဈေးကွက်မှာ တော့ ယောဘက်က ပစ္စည်းအဝင်မရှိ တော့ဘဲ ကုန်သည်လက်ဝယ်ရှိတဲ့ ပစ္စည်းကိုသာ ဈေးဖွင့်ရောင်းချမှုရှိခဲ့ပြီး၊ နေ့စဉ်ဒိုင် ဈေးမဖွင့်နိုင်ဘူးလို့ ဆိုပါ တယ်။ ဒီတစ်ပတ်ထဲမှာ တစ်တင်း ၄၃၀၀၀ ကျပ်ထိ ဈေးဖွင့်ခဲ့ပေမယ့် အရောင်းအဝယ်အဖြစ် နည်းခဲ့တယ်လို့ သိရပါတယ်။ နှမ်းနီဈေးကတော့ တစ် ပတ် အတွင်း တစ်တင်း ၃၅၀၀ ကျပ်ခန့် တက်ခဲ့ရာ ယခုတစ်ပတ်မှာ တစ်တင်း ၃၉၀၀၀ ကျပ်နဲ့ အမြင့်ဆုံးပေါက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှ အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။ နှမ်းနီလို ပဲ တစ်တင်း ၃၅၀၀ ကျပ်ခန့်ထိ မြင့် တက်ခဲ့တဲ့ နှမ်းဖြူဈေးကွက်မှာလည်း တရုတ်လက်ဆွဲအားကောင်းလို့ တစ် ရက်ထက် တစ်ရက် ဈေးမြင့်တက်ရာ တစ်တင်း ၄၆၀၀၀ ကျပ်ထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။ ကုန်သည်အချို့ ကြိုက်ဈေး ရလို့ အရောင်းရှိတဲ့အတွက် တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ် ကွက်က ဆိုပါတယ်။ မြေပဲဆန် ဈေးကွက်မှာတော့ ဆက်လက်ဈေးငြိမ်နေဆဲဖြစ်ကာ ယခု တစ်ပတ်အတွင်း မြေပဲဆန်နီတစ်ပိဿာ ၁၆၇၅ ကျပ်၊ မြေပဲဆန်ဖြူ တစ်ပိဿာ ၁၇၂၅ ကျပ် - ၁၇၅၀ ကျပ်၊ ကြား ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပဲဆီဈေး အနေနဲ့ တစ်ပိဿာ ၂၉၀၀ ကျပ်မှ ၂၉၅၀ ကျပ်ကို အနည်းငယ်မြင့်တက် ပြီး၊ နှမ်းဆီဈေးကတော့ တစ်ပိဿာ ၃၈၅၀ကျပ်ကနေ ၄၂၀၀ ကျပ်ထိ သိသိ သာသာ မြင့်တက်လာတာ တွေ့ရပါ တယ်။ စားအုန်းဆီဈေးကတော့ တစ် ပိဿာ ၁၆၀၀ ကျပ်ထိ ကျဆင်းသွား ပြီး၊  အရောင်းအဝယ်ကတော့ ပုံမှန်ရှိ နေတယ်လို့ စားဆီရပ်ကွက်က ဆိုပါ တယ်။           ထွန်းလှိုင် - မုံရွာ