Main menu

Background

ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်လာ

Tue, 09/14/2010 - 09:44 -- Anonymous (not verified)

 ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းများပိုမိုတိုးတက်လာ      ခရီးသွားလုပ်ငန်းများအနက် ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ လူကြိုက်အများဆုံးဖြစ်ပြီး  တိုးတက်မှုနှုန်းမှာ  အခြားခရီးသွားလုပ်ငန်းများထက် ပိုမိုလျင်မြန်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။      ကမ်းရိုးတန်းဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဟိုတယ်နှင့် အခြားအဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရန်  စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောသည်။      ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေများစွာ ရရှိစေသဖြင့် တခိုျ့နိုင်ငံများတွင် ဘာသာရပ် တစ်ခု အနေဖြင့် ဘွဲ့ဒီဂရီအပ်နှင်းဆောင်ရွက်ကာ သင်ကြားပေးနေကြောင်း၊ တခိုျ့နိုင်ငံများ တွင် မူလတန်းပညာရေးစနစ်၌ ထည့်သွင်းရန်စီမံနေကြောင်း ခရီးသွားလုပ်ငန်း လေ့လာသူတစ်ဦးက ပြောသည်။    မြန်မာနိုင်ငံတွင်လည်း ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းကို မြှင့်တင်သင့် ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းများသည် ပျက်စီးယိုယွင်းမှုမရှိသေးဘဲ သဘာဝ အခြေခံများရှိနေကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လွင်လွင်မိုး