Main menu

Background

မုံရွာဈေးကွက်မှာ ပဲတီစိမ်းပစ္စည်းလက်ကျန်နည်းပြီး ပဲစင်းငုံနီကို ရန်ကုန် အဆွဲအနည်းငယ်ရှိ

Tue, 10/15/2013 - 15:23 -- ydnar

မုံရွာဈေးကွက် ဒီတစ်ပတ်ပဲတီစိမ်းအနေနဲ့ ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို တရုတ်အတွက်ဝယ် ယူနေတဲ့ မန္တလေးဝယ်လက်ကလည်း လက်လီစုပြီး ဝယ်ယူနေရတယ် လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ်ပိဿာ ၁၄၂၁ ကျပ်(တစ်တန်ကို ၈၇၀၂၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းသေးက ဈေးကွက် ထဲအနည်းငယ်ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၃၂၅ ကျပ်(တစ် တန်ကို ၈၁၁၄၁၆ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို အိန္ဒိယတင် ပို့မယ့် ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအနည်းငယ်ရှိလို့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့သိရပါ တယ်။