Main menu

Background

မန္တလေးဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်အေးပြီး နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 10/15/2013 - 15:47 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံထဲက မတ်ပဲနဲ့ ပဲစင်းငုံ နီကို ရန်ကုန်အဆွဲအေးသလို ဈေးကွက်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ တရုတ် အဆွဲနည်းနည်းလျော့သွားတာကြောင့် ဈေးတန့်နေတယ်လို့ဈေးကွက် အတွင်းမှ သိရပါတယ်။ နှမ်းရောင်စုံကတော့ ဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲအနေနဲ့ ရန်ကုန်အဆွဲအေးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအထိုက်အလျောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၇၅၈ ကျပ်(တစ်တန်ကို ၄၆၄၁၉၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ပဲစင်းငုံနီကတော့ ဒီရက်ပိုင်းမှာ အိတ်စပို့အတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေသလို လှောင်လက် ကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ  ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာ သလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ထိပ်စများကို ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကအေးနေကြောင်း မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံး ကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်အဝယ်ပါးပြီး မြို့ခံပဲခွဲစက်တွေ အမှုန့်ကြိတ်စက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၈၈၂ ကျပ်(တစ်တန်ကို ၅၄၀၁၂၇ ကျပ်)ဈေးနဲ့ ကုလားပဲ(ထိုင်ဝမ်)က တစ်ပိဿာ ၈၇၁ ကျပ်(တစ်တန်ကို ၅၃၃၃၉၁ ကျပ်)ဈေးနဲ့ နှမ်းမျိုး ပေါင်း တစ်ရက်ကိုအိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံက ဈေးကွက်သို့ဝင်ရောက်မှုပုံမှန်ရှိသလို တ ရုတ်ဝယ်လက်ကလည်း အရည်အသွေးအလိုက် ဈေးပေးအဝယ်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၃၂၂၂ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၅၁၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။