Main menu

Background

ပခုက္ကူ ဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်အေး နှမ်းရောင်စုံ အရောင်းအဝယ်သွက်

Tue, 10/15/2013 - 15:49 -- ydnar

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ပြည်ပအတွက်ဝယ် ယူနေတဲ့ ရန်ကုန်အဝယ်အေးပြီး မြို့ခံကုန်သည်အချင်းချင်းသာ လက် ပြောင်းလက်လွှဲအရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်) ဈေးနဲ့ အိတ်အနည်းငယ်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း သေးအနေနဲ့ လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေသလို အရည်အသွေးကလည်း အနည်းငယ်ကျဆင်းနေတာကြောင့်  ရန်ကုန်-မန္တလေးဝယ်လက်က ဈေးနှိမ်အဝယ်ရှိနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၀၀ ကျပ်(တစ်တန်ကို ၇၉၆၁၀၇ ကျပ်) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ ယောဘက်က အဝင်များတယ်။ အထွက်နှုန်းက လည်း မဆိုးဘူးလို့ပြောရမယ်။ မန္တလေး-ရန်ကုန်ဝယ်လက်ကလည်း ပုံမှန်အဝယ်ရှိလို့ ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိ ဿာ ၂၈၃၃ ကျပ်၊ နှမ်းဝါတစ်ပိဿာ ၂၆၈၀ ကျပ်၊ နှမ်းညိုတစ်ပိ ဿာ ၂၁၃၃ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။