ရေစကြိုဈေးကွက်မှာ ကုလားပဲအုပ်စုကို ခွဲစက်တွေပုံမှန်အဝယ်ရှိ

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကို မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၈၆၃ ကျပ်(တစ်တန်ကို ၅၂၈၄၉၂ ကျပ်)ဈေး၊ ကုလားပဲ(ထိုင်ဝမ်)က တစ် ပိဿာ ၈၄၂ ကျပ်(တစ်တန်ကို ၅၁၅၆၃၂ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။