ဆန်တင်ပို့မှုမြှင့်တင်ဖို့ ထိုင်းအစိုးရက အစိုးရအချင်းချင်းဆက်သွယ်
တရုတ်နိုင်ငံရဲ့စာချုပ်အပါအဝင် အစိုးရအချင်းချင်းစာချုပ်ချုပ်ဆိုမှု (G2G) ဖြင့် လာမဲ့ နှစ်မှာ ဆန်တန်ချိန် ၈ သန်းနဲ့ ၁၀ သန်းထိ တိုးချဲ့တင်ပို့နိုင်လိမ့်မယ်လို့ ထိုင်းစီးပွားရေး နဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယုံကြည်ထားကြောင်း သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။
(G2G) အစီအစဉ်အရ စာချုပ်ချုပ်ဆိုဖို့ ကန်ထရိုက်စာချုပ်အမြောက်အမြားက စောင့်ဆိုင်းလျက်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံကလာမဲ့နှစ်မှာ ဆန်တင်ပို့မှုပမာဏကို မြှင့်တင် နိုင်မှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နီဝပ်သွမ်ရောင်းဘွန်ဆောင်းပိုင်ဆန်က အောက်တိုဘာ ၁၇ ရက်နေ့ကပြောပါတယ်။ ဆန်တွေ ထပ်မံတင်ပို့နိုင်ဖို့ အတွက် အင်ဒိုနီးရှားနဲ့ အီရတ်လို အလားအလာရှိတဲ့ ဖောက်သည်တွေနဲ့ ထိုင်းအစိုးရက ဆက်လက်ဆွေးနွေးညှိ နှိုင်းနေပါတယ်။ ဒီနှစ်ထဲမှာ ထိုင်းနိုင်ငံက ဆန် တန်ချိန် ၇ သန်းကနေ ၈ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လို့ စီးပွားရေးနဲ့ကူး သန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါ တယ်။ တရုတ်နဲ့ထိုင်းခေါင်းဆောင်တွေ နဲ့ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ထိုင်းနိုင်ငံကနေ ဆန်တစ်သန်းဝယ်ယူမဲ့ကိစ္စကို တရုတ်အစိုးရနဲ့ သူဆက်လက်ဆွေးနွေးမယ်လို့ နီဝပ်သွမ်ရောင်းက ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကို အာဆီ ယံစီးပွားရေးဝန်ကြီးတွေရဲ့ Road Show အစီအစဉ်နဲ့ နိုဝင်ဘာမှာ သူ ပေကျင်းသွားတဲ့အခါ ပြုလုပ်မှာဖြစ်ပါတယ်။ အပြီးသတ်သဘောတူစာချုပ်ကို ယခုနှစ်ဒီဇင်ဘာမှာ ရေးထိုးမှာဖြစ်ပြီး တရုတ်နိုင်ငံကို ဆန်တစ်သန်းတင်ပို့ရေးအတွက် စာချုပ်သုံးခုချုပ်ဆိုမယ်လို့ သူ က ပြောပါတယ်။ G2G စာချုပ်အရ ထိုင်းနိုင်ငံက တရုတ်ဗဟိုအစိုးရကို လာမဲ့ငါးနှစ်အတွင်း နှစ်စဉ် ဆန်တစ်သန်းပေးသွင်း သွားမှာဖြစ်ပါတယ်။ ယခုစာချုပ်က ၂၀၁၄ ခုနှစ်မှာ စတင် အကျိုးသက် ရောက်မှာဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ ဆန်ရောင်းချဖို့ စာချုပ်အသေးစိတ် အချက်အလက်တွေနဲ့ တစ်ခေါက်ချင်း အလိုက် ဈေးနှုန်းကို ဆွေးနွေးပြီး ပေါက် ဈေးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
