Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 10/21/2013 - 11:55 -- ydnar

ဘတ်ဂျက်ကိစ္စ အကျပ်အတည်း က ကမ္ဘာ့နံပါတ်တစ်စီးပွားရေးရဲ့ဖွံ့ဖြိုးမှု ကို ခြိမ်းခြောက်နေခဲ့ပြီးနောက်ပိုင်း စီး ပွားရေးတွန်းအားပေးဖို့ ဆောင်ရွက်နေမှု များကို လျှော့ချဖို့ အမေရိကန်ဗဟို ဘဏ်က နှောင့်နှေးနေဦးမှာဖြစ်တဲ့ အတွက် တောင်ကိုရီးယားဝမ်က ဦး ဆောင်ပြီးအာရှငွေကြေးများကတတိယ မြောက် ရက်သတ္တပတ်အဖြစ် သီ တင်းပတ်တွင်း တိုးတက်မှုရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ထိ တည်ရှိခဲ့သော ရက်သတ္တပတ်တစ်ပတ် အတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့များက တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက စတော့ ရှယ်ယာတွေကို အရောင်းထက်အဝယ် က ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖိုး ပိုမိုခဲ့တာကို စတော့ဒိုင်များကထုတ်ပြန် တဲ့ ကိန်းဂဏန်းအချက်အလက်တွေ အရ သိရပါတယ်။တရုတ်ယွမ် တတိယသုံးလပတ်မှာ တရုတ် နိုင်ငံရဲ့စီးပွားရေးတိုးတက်နှုန်းက အရှိန် အဟုန်မြင့်တက်ခဲ့တာကို ထုတ်ပြန်ထား တဲ့ ကိန်းဂဏန်းအချက်အလက်တွေ အရ သိရပြီးနောက်ပိုင်းယွမ်တန်ဖိုးက အနှစ်နှစ်ဆယ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ် က ငွေကြေးဖလှယ်မှုနေ့စဉ်သတ်မှတ် နှုန်းကို သုည ဒသမ ၁ ရာခိုင်နှုန်းတိုး မြှင့်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၃၇၂ ယွမ်နှုန်းသတ်မှတ်ခဲ့တဲ့အတွက် ဒေါ်လာနဲ့ချိတ်ဆက်မှုကို ရုပ်သိမ်းခဲ့တဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ယွမ်တန်ဖိုး အမြင့်တက်ဆုံးဖြစ်ခဲ့ပါတယ်။ ယွမ်ငွေကြေးဖလှယ်နှုန်းက တရုတ်နိုင်ငံခြားငွေရောင်းဝယ်ရေးဌာန မှာ ယနေ့အောက်တိုဘာ ၁၈ ရက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၀၉၁၅ ယွမ် နှုန်းရှိခဲ့ပါတယ်။ အစိုးရဖလှယ်နှုန်းနဲ့ ဈေးကွက် ပေါက်ဈေးကို အစိုးရက ပေါင်းစည်းပေးခဲ့တဲ့ ၁၉၉၃ ခုနှစ်နောက် ပိုင်း တန်ဖိုးအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ရူပီး ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ် တွေက အမေရိကန်ဒေါ်လာထုတ် ရောင်းမှုများလာတဲ့အတွက် အောက် တိုဘာ ၁၈ ရက်မှာ ဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၁၃ ရူပီးနှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၆၁ ဒသမ ၁၀ ရူပီးနှုန်းရှိခဲ့ပါတယ်။ ဈေးအဖွင့်မှာ ပြည်တွင်းရှယ်ယာတွေတန်ဖိုးမြင့်တက် မှုကလည်း ရူပီးငွေကြေးကို ယုံကြည်မှု မြင့်မားစေခဲ့ပါတယ်။ ရူပီးတန်ဖိုးက အောက်တိုဘာ ၁ ရက်နေ့မှာ သုည ဒသမ ၆ ရူပီးနှုန်းထိ မြင့်တက်ပြီး တစ်ဒေါ်လာကို ၆၁ ဒသမ ၂၃ ရူပီးနှုန်းသို့ရောက်ရှိကာ ရက်သတ္တ နှစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် မြင့်တက်ခဲ့ပါတယ်။ဂျပန်ယန်း ဘတ်ဂျက်နဲ့ကြွေးမြီအမြင့်ဆုံး နှုန်း သတ်မှတ်ချက်အတွက် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေက  သဘောတူညီမှုရပြီး အကျပ်အတည်း အတွက် စိုးရိမ်မှုတွေကို လျော့ကျစေခဲ့ ပြီးနောက်ပိုင်း အောက်တိုဘာ ၁၇ ရက် မှာ ဒေါ်လာတန်ဖိုးကျဆင်းခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက အောက်တိုဘာ ၁၆ ရက်ညနေမှာ တစ် ယူရိုကို ၁ ဒသမ ၃၅၃၀ ဒေါ်လာနှုန်းမှ အောက်တိုဘာ ၁၇ ရက် ဂရင်းနစ်စံ တော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၆၇၇ ဒေါ်လာနှုန်းရှိခဲ့ ပါတယ်။ ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ဖ လှယ်ရာမှာ တစ်ဒေါ်လာမှာ ၉၈ ဒသမ ၇၆ ယန်းနှုန်းမှ ၉၇ ဒသမ ၉၁ ယန်းသို့လည်းကောင်း၊ ယူရိုနဲ့ဖလှယ်ရာ မှာ တစ်ယူရိုကို ၁၃၃ ဒသမ ၆၁ ယန်း နှုန်းမှ ၁၃၃ ဒသမ ၉၂ ယန်းနှုန်းသို့ လည်းကောင်း ပြောင်းလဲမှုရှိခဲ့ပါတယ်။မလေးရှားရင်းဂစ် ရင်းဂစ်ငွေကြေးကို အမြတ်နဲ့ ပြန် ရောင်းတဲ့အရေအတွက်မြင့်တက်လာ တာကြောင့် အောက်တိုဘာ ၁၈ ရက် နေ့ မနက်ပိုင်းဈေးကွက်မှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ တယ်လို့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်ငွေကြေးတန်ဖိုး အောက်တိုဘာ ၁၇ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာကို ၃ ဒသမ ၁၄၈၀ ရင်း ဂစ်နှုန်းနဲ့နှိုင်းယှဉ်ရင် အောက်တိုဘာ ၁၈ ရက်နေ့မှာ တစ် ဒေါ်လာကို ၃ ဒသမ ၁၅၃၅ ရင်းဂစ်နှုန်းအထိ ရင်းဂစ် တန်ဖိုး ကျဆင်းခဲ့ပါတယ်။ တခြားအဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုးကျ ဆင်းခဲ့ပါတယ်။တောင်ကိုရီးယားဝမ် ဘလွမ်းဘတ်မှ ပြုစုထားတဲ့ စာရင်းဇယားများအရ ဝမ်ငွေကြေးတန် ဖိုးက လွန်ခဲ့တဲ့ ငါးရက်အတွင်း သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ကာ ဆိုးလ် မြို့မှာ အောက်တိုဘာ ၁၈ ရက် မနက် ၁၂ နာရီ ၁၀ မိနစ်က တစ်ဒေါ်လာကို ၁၀၆၁ ဒသမ ၇၂ ဝမ်နှုန်းရှိခဲ့ပါတယ်။ ပို့ကုန်လုပ်ငန်းတွေကို ခြိမ်းခြောက်နေတဲ့ ဝမ်တန်ဖိုးမြင့်တက်နေတာကို ကန့် သတ်ဖို့ အစိုးရကဈေးကွက်မှာဝင် ရောက်စွက်ဖက်မယ်လို့ တောင်ကိုရီး ယားဘဏ္ဍာရေးဝန်ကြီးဌာနက ကြေ ညာပြီးတဲ့နောက် အောက်တိုဘာ ၁၈ ရက် သောကြာနေ့ မနက်ပိုင်းကစပြီး ဝမ်တန်ဖိုးမြင့်တက်လာတာဖြစ်ပါတယ်။ ဗဟိုဘဏ်ကလည်း ဈေးကွက်တည် ငြိမ်မှုအတွက် အရေးယူဆောင်ရွက်မှု တွေပြုလုပ်မယ်လို့ ကြေညာပါတယ်။ထိုင်းဘတ် ဘတ်ငွေ တန်ဖိုး မတန်တဆ မတည်မငြိမ်ဖြစ်နေတာကို ထိုင်းဗဟို ဘဏ်က ကာကွယ်နိုင်တဲ့စွမ်းအားရှိ တယ်လို့ ဘဏ္ဍာရေးမူဝါဒရုံးမှ ညွှန် ကြားရေးမှူးချုပ် ဆွမ်ချိုင်းဆာဂျာပွန်စီ က အောက်တိုဘာ ၁၈ ရက်နေ့ကပြော ပါတယ်။ ဘတ်ငွေတန်ဖိုးက နှစ်ရက် ဆက်တိုက်မြင့်တက်လာပြီး အောက်တို ဘာ ၁၈ ရက်မနက်ပိုင်းမှာ အမေရိကန် တစ်ဒေါ်လာကို ၃၁ ဒသမ ၀၃ ဘတ် နှုန်းရှိခဲ့ပါတယ်။ ဒီလိုမြင့်တက်ခဲ့ရတာ က ပြည်ထောင်စုဘတ်ဂျက်နဲ့ကြွေးမြီ အမြင့်ဆုံး သတ်မှတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ပြေလည် မှု ရသွားတာကြောင့်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ဘီလီယံ ၁၇၀ ရှိထားပြီးဖြစ် တဲ့အတွက် မည်သည့်အခြေအနေမျိုး မဆိုဖြေရှင်းနိုင်တယ်လို့ သူက ပြောပါ တယ်။