Main menu

Background

ဗီယက်နမ်မှာ မိုဘိုင်း ဆက်သွယ်မှုနှုန်း လျှော့ချထား

Mon, 10/21/2013 - 11:55 -- ydnar

ဗီယက်နမ်မှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးသုံးခုက သူတို့ရဲ့ သရီး ဂျီ (တတိယမျိုးဆက်ကွန်ရက်) ဆက်သွယ်မှုအသုံးပြုခကို တိုးမြှင့်ထားပေမဲ့ စတုတ္ထမြောက်အကြီးဆုံးလုပ်ငန်းကြီးဖြစ်တဲ့  Vietnamobile က သူတို့လို ဈေး တက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သရီးဂျီဆက်သွယ်မှုစရိတ်တွေကို တိုးမြှင့်ဖို့ လောလောဆယ်မှာ အစီ အစဉ် မရှိတဲ့အတွက် သရီးဂျီဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ  Vietnamobile ဖောက်သည်တွေ စိတ်အေးချမ်းသာစွာ သုံးကြဖို့ ကုမ္ပဏီရဲ့ ကိုယ် စားလှယ်တစ်ဦးက ပြောပါတယ်။

"အထူးသဖြင့် ယခုလိုစီးပွားရေး နှေးကွေး ကျဆင်းနေချိန်မှာ ကျွန်တော် တို့ရဲ့ ဖောက်သည်တွေ ငွေကြေးအကုန်အကျ သက်သာအောင် ကျွန်တော်တို့ က အကူအညီပေးရမှာပါ။ ဒီနိုင်ငံမှာ  Vietnamobile က ဈေးအသက်သာ ဆုံးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်'' လို့ သူကပြောပါတယ်။ ယခုအခါ သရီးဂျီအသုံးပြုမှုအတွက် တစ်လအတွင်း တစ်လုံးတစ်ခဲ တည်း ကျသင့်ငွေမှာ ဗီယက်နမ်ဒေါင် ၄၀၀၀၀ ရှိပြီး ကုမ္ပဏီက ဒီနှုန်းအတိုင်းဆက် ထားမှာဖြစ်တဲ့အပြင် ဟိုက်စပိဒေါင်း လုပ် ၁ ဒသမ ၅ GB  ကို အခမဲ့လုပ်ခွင့် ပေးထားမှာဖြစ်ပါတယ်။ (တစ်ဒေါ်လာ = ၂၁၀၉၄ ဗီယက်နမ်ဒေါင်)  ဒါပေမဲ့ သူတို့သုံးစုစုပေါင်းရဲ့ ဈေးကွက်ဝေစုက ၉၀ ရာခိုင်နှုန်းရှိနေတဲ့ VinaPhone, MobiFone နဲ့ Viettel  ဆိုတဲ့ ကုမ္ပဏီကြီးသုံးခုက သူတို့ရဲ့ မိုဘိုင်းကွန်ရက်ထဲမှာ ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သရီးဂျီ အသုံးပြုခတွေကို ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံခဲ့ပါတယ်။ MobiFone  ရဲ့MIU; Viettel  ရဲ့ MiMax နဲ့  VinaPhone တို့အတွက်ပါ အကျုံးဝင်တဲ့ ညှိနှိုင်းပြီး သရီးဂျီ ဆက်သွယ်ခက လက်ရှိဗီယက်နမ်ဒေါင် ၅၀၀၀၀ (၂ ဒသမ ၃၈ ဒေါ်လာ) ကနေ ဗီယက်နမ်ဒေါင် ၇၀၀၀၀ (၃ ဒသမ ၃၃ ဒေါ်လာ) နှုန်း ထိရောက်ရှိပြီး ၄၀ ရာခိုင်နှုန်း မြင့်တက်ပါတယ်။ တယ်လီကွန်ကုမ္ပဏီတွေမှာ အလုပ် လုပ်နေတဲ့ ကျောင်းသားတွေအတွက် သရီးဂျီဈေးနှုန်းကိုဗီယက်နမ်ဒေါင် ၃၀၀၀ (၁ ဒသမ ၄၂ ဒေါ်လာ) မှ ဗီယက်နမ် ဒေါင် ၅၀၀၀၀ အထိ တိုးမြင့်ထားပါတယ်။