Main menu

Background

တရုတ်နိုင်ငံရဲ့အရန်ငွေကြေးမြင့်မားမှုက မတည်ငွေရင်း စီးဝင်မှုကို ဖိတ်ခေါ်

Mon, 10/21/2013 - 12:03 -- ydnar

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ကြေးက ယခုနောက်ဆုံးသုံးလပတ်မှာ နှစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ကြောင်းနဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားလို ဖွံ့ဖြိုးဆဲနိုင်ငံ တွေကနေ ငွေကြေးတွေ စီးထွက်နေချိန် မျိုးမှာပင် အစိုးရရဲ့ ဖွံံ့ဖြိုးမှုကိုကာကွယ် ဖို့ကြိုးပမ်းမှုတွေက ငွေကြေးတွေကိုဆွဲ ဆောင်မှုပြုနိုင်ခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ အရန်ငွေကြေးက ဇွန်ကဒေါ်လာ ၃ ဒသမ ၅ ထရီလီယံ ရှိခဲ့ရာမှ စက်တင်ဘာလကုန်မှာ ဒေါ် လာ ၃ ဒသမ ၆၆ ထရီလီယံရှိခဲ့ကြောင်း တရုတ်ဗဟိုဘဏ်က ပီကင်းမြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့ကပြောပါ တယ်။ ဘလွမ်းဘတ်က စီးပွားရေးပညာ ရှင် ခုနစ်ဦးကို စစ်တမ်းကောက်ယူချက် အရ အလယ်အလတ်ခန့်မှန်းချက်မှာ ဒေါ်လာ ၃ ဒသမ ၅၂ ထရီလီယံဖြစ် ပါတယ်။ အမေရိကန်ပြည်ထောင်စုက လှည့်လည်ငွေကြေးတိုးပွားမှုအတွက် ဆောင်ရွက်နေတဲ့ အစီအစဉ်ကိုလျှော့ ချတော့မှာကို စိုးရိမ်မှုကြောင့် ထွန်းသစ် စဈေးကွက်တွေကနေ ငွေကြေးတွေစီး ထွက်နေပေမဲ့ စီးပွားရေးတိုးတက်လာဖို့ အတွက် ဝန်ကြီးချုပ်လီကယ်ရှင်းရဲ့ကြိုး ပမ်းမှုတွေကြောင့် တရုတ်နိုင်ငံထဲကို ငွေကြေးစီးဝင်မှုတွေရှိခဲ့ပါတယ်။ တရုတ်ငွေကြေးကို ဖြေလျှော့မှု တွေပေးပြီးတဲ့နောက်ပိုင်းမှာ ယွမ်တန်ဖိုး ကမြင့်တက်လာပြီး ယခင်သုံးလပတ်က ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နောက်ပိုင်း တတိယသုံးလပတ်အတွင်း မှာ သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။ အရန်ငွေကြေးရုတ်တရက် မြင့်တက်လာတဲ့ကိစ္စကို တရုတ်ဗဟို ဘဏ်က တစ်စုံတစ်ရာရှင်းလင်းဖော်ပြ ခြင်းမရှိခဲ့ပါ။