Main menu

Background

ထိုင်းနိုင်ငံတွင် ရွှေရောင်းဝယ်မှုကို တင်းကျပ်စွာ ထိန်းချုပ်မည်

Mon, 10/21/2013 - 12:08 -- ydnar

လိမ်လည်မှုတွေနဲ့ ဈေးနှုန်းမတည် ငြိမ်မှုတွေကို ကာကွယ်နိုင်ရေးအတွက် အာဏာပိုင်တွေက တင်းကျပ်စွာ ဆောင်ရွက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ရွှေအရောင်းအဝယ်လုပ်ငန်းတွေမှာ တင်းကျပ်မှုတွေရှိလာကြောင်း ထိုင်း နိုင်ငံရဲ့ သည်နေရှင်းသတင်းမှာ ဖော်ပြ ထားပါတယ်။

ရွှေကိုဝတ္ထုပစ္စည်းလက်ရောက် ပေးအပ်ရောင်းချသည်ဖြစ်စေ စာရွက် စာတမ်းဖြင့်သာ လွှဲအပ်ရောင်းချသည် ဖြစ်စေ နိုင်ငံတစ်ဝန်းတွင် ရွှေရောင်း ဝယ်ဖောက်ကားမှုလုပ်ဆောင်ချက်မှန် သမျှကို ထိုင်းနိုင်ငံစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်တွင်း   ရောင်းဝယ်ရေးဌာနခွဲမှာ မှတ်ပုံတင်ရ မှာဖြစ်ပါတယ်။ လောလောဆယ်မှာ ထိုင်းနိုင်ငံတစ်ဝန်းလုံးမှာ ရွှေဆိုင်ပေါင်း ၇၅၀၀ လောက်ရှိပါတယ်။ ဒါပေမဲ့ ရွှေ ရောင်းဝယ်သူများအသင်းမှာ မှတ်ပုံတင် ထားတာ ၉၀၀ လောက်ပဲရှိပါတယ်။ တချို့က အွန်လိုင်းကနေ အရောင်း အဝယ်လုပ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ တစ်နှစ်ရွှေတင်သွင်းမှုက ဘတ်ဘီလီယံ ၃၀၀ ဖိုးရှိပြီး စုစုပေါင်းရွှေအရောင်း အဝယ်လုပ်ဆောင်ချက်က ဘတ်တစ် ထရီလီယံဖိုးရှိပါတယ်။ ''ရွှေလုပ်ဆောင်ချက်တန်ဖိုး (Gold Transaction Value) က တစ်စစမြင့်တက်နေတာကို ကျွန်တော် တို့ တွေ့နေရပါတယ်။ ဒါပေမဲ့ ရွှေဈေး က ပင်လယ်ရပ်ခြားက ဈေးနှုန်းတွေနဲ့ ဆက် စပ်နေတဲ့အတွက် အပြင်ဈေးနှုန်း မတည်မငြိမ်တာကလည်း များလွန်းပါ တယ်။ ရွှေကုန်သည်တွေ အတွက် တရားမျှတတဲ့ စီးပွားရေး လုပ်ငန်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာအောင် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးမှာပါ" လို့ စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဒုတိယဝန်ကြီး ယန်ယောင်းဖူအမ်ဂရပ်က ပြောပါ တယ်။ ထိုင်းဗဟိုဘဏ်နဲ့အတူ ရွှေကုန် သည်များအသင်းနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက် စီမံချက်တစ်ခုကို သူကကြေ ညာခဲ့ပါတယ်။ ဒီစီမံချက်အရ ရွှေကုန် သည်တွေက ရွှေဈေးနှုန်းပြောင်းရင် ဝန်ကြီးဌာနကို အသိပေးရပါမယ်။