Main menu

Background

အင်ဂျင်ပါဝါသေး ကားငယ်များသာ အရောင်းအဝယ်ရှိနေ

Mon, 10/21/2013 - 15:12 -- ydnar

သီတင်းကျွတ် မီးထွန်းပွဲတော် ကာလရန်ကုန်မြို့ကားဈေးကွက် အခြေ အနေမှာအရောင်းအဝယ်သိသိသာသာ ထူးခြားမလာသော်လည်း အချို့နေရာ များတွင် အပြောင်းအလဲလေးများနှင့် အဝယ်အနည်းငယ်လိုက်လာကြောင်း သိရသည်။

ဝါကျွတ်ကာလဖြစ်သော်လည်း ယခုတစ်ပတ်တွင် ရံဖန်ရံခါမိုးရွာသွား ခြင်း၊ မြို့တွင်းတွင် အကြားသတင်း ကောလာဟလများ အနည်းငယ်ရိုက်ခတ် မှုရှိခြင်းကြောင့် လပြည့်နေ့မတိုင်မီ ရက် သတ္တပတ်အတွင်း လူစည်ကားသလို ဖြစ်နေရာမှ ပြန်လည်၍ ပွဲစားတန်း များ တွင် လူဝင်ကျဲပါးသွားခဲ့သည်။ စက်တင်ဘာလလယ်ခန့်က ဖြစ် ပေါ်ခဲ့သော မန္တလေးမြို့ကားဈေးကွက် ၏ ဂယက်ကြောင့် ဖရီးပါမစ်ဆိုသည့် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆိုတင်သွင်း နိုင်သည့် ၂၀၀၈ ခုနှစ်မော်ဒယ်နှင့် အထက် အင်ဂျင်ပါဝါသေး ကားငယ် များ ရန်ကုန်ဈေးကွက်တွင် လာရောက် ဝယ်ယူသူများ နယ်ဝယ်လက်များရှိလာ ပြီး ကားအရောင်းစင်တာများတွင် ပါ ရောင်းချလာရကြောင်း ဆိပ်ကမ်းမှ ရောက်ရှိပြီး လက်တွင်းသုံးစွဲပြီး အက္ခရာ နိမ့်ယာဉ်ငယ်များလည်း ရောင်းအားရှိ လာကြောင်း သိရသည်။ လတ်တလော သတင်းဆက်များ ကြောင့် အရောင်းအဝယ် ပြန်အေးခဲ့ သော်လည်း ကားအရောင်းစင်တာ လောကမှ နာမည်ကြီးကားကုမ္ပဏီများ စုစည်း၍ သီတင်းကျွတ်ကာလကား အရောင်းပွဲတော်အဖြစ် (၄) ရက်တိုင် မိုင်ဒါကွင်းတွင် ကုမ္ပဏီအသီးသီးမှ မက် လုံးများဆွဲဆောင်မှုများဖြင့် ပရိုမိုးရှင်းပြု လုပ်လာသဖြင့် အေးနေသောဈေးကွက် ပြန်လည်လှုပ်ရှားလာရန် ပရိုမိုးရှင်းလုပ် ပေးခြင်းဖြစ်သည်ဟု ဝါရင့်ဝယ်ရောင်း အကျိုးဆောင်ကိုမြင့်ကျော်မှပြောသည်။ ယခင်ကအကြွေးဝယ်စနစ် (လ ဆိုင်း) ဖြင့် ကားများရောင်းချရာတွင် ကနဦးလူအများစိတ်ဝင်စားသော်လည်း  ဈေးနှုန်းကွာဟခြင်း၊ ကန့်သတ်ချက်များ ခြင်းတို့ကြောင့် နောက်ပိုင်းတွင် လူ အများ အဝယ်လျော့ကျသွားကြောင်း၊ ပြီး ခဲ့သည့်လက ဌာနဆိုင်ရာများတွင် အေ<ကးဝယ်စနစ်ဖြင့် ရောင်းချပေး သည့် ချယ်ရီဝက်ဂွန်အစီး (၄၀၀) သည် တစ်ပတ်အတွင်း ရောင်းချနိုင်သည့် နည်းတူ အပြင်လောကတွင်လည်း ဌာန ဆိုင်ရာ နည်းတူသက်သာသောဈေးနှုန်း သတ် မှတ်ချက်နှင့် ခိုင်မာသော အာမခံ ယူကာ ရောင်းချပေးနိုင်မှသာ ထိုစနစ် ပြန်လည် ဖွံ့ဖြိုးပြီး လူအများဝယ်ယူလာ နိုင်မည်ဖြစ်ကြောင်း ၎င်းင်းမှသုံးသပ်ပြ သည်။ ရန်ကုန် ကားဈေးကွက်ထဲတွင် ယခုအချိန်ထိစလစ် (ယာဉ်မောင်း အပ် နှံ စလစ်) လိုအပ်ချက်ကြောင့် ဈေးနှုန်း ဆက်လက် မြင့်တက်လျက်ရှိကာ အမည်ပေါက် ၁၂၀ သိန်းဝန်းကျင်သို့ ရောက်ရှိနေပြီး မကြာမီ အပ်နှံလက်ခံ တော့မည့် 'အ' အက္ခရာပင်လျှင် ကား ကောင်းပါက ၁၁၀ သိန်းအပေါ်ဈေး ဖြစ်လာကြောင်း ၎င်းနှင့်ဆက်၍ ၁က/၂က အက္ခရာများ ပင် အဝယ်ရှိ လာ ကြောင်း သိရသည်။ လတ်တလောဈေးကွက်ထဲတွင် ဈေးတန်းအရ မော်ဒယ်အရ ဈေးတန်း အနိမ့်အမြင့်ကွာခြားချက်ရှိသော်လည်း ကားများဆက်လက်ဝင်ရောက်မှုရှိနေ၍ ဈေးကွက်တွင်း ကားများလာခြင်း၊ နာ မည် ကြီးကားကုမ္ပဏီများ ဖွင့်လှစ်လာ ခြင်း၊  ဖရီးပါမစ်ကားများ အား ကုန်ကျ စရိတ်များ ထပ်ဆောင်း၍ ကား အရောင်းစင်တာများမှ အမည်ပေါက် ရောင်းချပေးနိုင်လာခြင်း စသည့် အားသာချက်များရှိလာသဖြင့် ကား လေးများအရောင်းအဝယ် ပြန်ကောင်း လာနိုင်ကြောင်း ဝါရင့်အကျိုး ဆောင် များမှ သုံးသပ်ကြသည်။ SN