Main menu

Background

မန်းမြေဈေးကွက် အရောင်းအဝယ်တန့်

Mon, 10/21/2013 - 15:17 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်း မြေစံနှုန်းသတ်မှတ်ရန် သတင်းများ ထွက်ပေါ်ပြီးနောက် မြေအရောင်း အဝယ်တန့်သွားကြောင်း သိရပါတယ်။ မန္တလေးမြို့မှာ အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက "မြေအရောင်း အဝယ်ကောင်း နေရာက မြေစံနှုန်း သတ်မှတ်မယ်ဆိုတော့ အရောင်း အဝယ်တွေ တန့်သွားတာ။ သတင်း မထွက်ပေါ်ခင်က အရောင်းအဝယ် ကောင်းတယ်။

ခုသတင်းထွက်လိုက် တော့ မြေဝယ်ဖို့ ပြောထားပြီး၊ ဈေးကျ မလားလို့ စောင့်တဲ့အနေနဲ့ ရပ်သွား တာ။ အရောင်း အဝယ်လုံးလုံးအေးတာ ကြီးတော့ မဟုတ်ဘူး။ ဖြစ်တဲ့သူလည်း ဖြစ်နေပါတယ်။ မြေစံနှုန်းသတ်မှတ် လိုက်တာလည်း ကောင်းပါတယ်။ တရားဝင်ဈေးနှုန်းဆိုတော့ အလုပ် လုပ်လို့ ရတာပေါ့။ အဆောက်အအုံ ပါတဲ့ပေါ် ဈေးနှုန်း သတ်မှတ်မယ်ဆို အဆောက်အအုံပါတဲ့ပေါ်မှာ မြေဈေး ကွာတော့မှာ။ ဒါကြောင့် စောင့်ကြည့် နေကြတာ။ မြေစံနှုန်း ထွက်ပြီးရင်တော့ အရောင်းအဝယ်ကောင်းလာနိုင်တယ်။ အခုလည်း တချို့နေရာတွေမှာ စီမံကိန်း လုပ်တဲ့နေရာတွေ မြို့သစ်အိမ်ရာ စီမံကိန်းနဲ့ မြို့တွင်းအချို့နေရာ တွေမှာ အရောင်းအဝယ်ဖြစ်တယ်" လို့ ပြောပါ တယ်။ လတ်တလောမှာ မြေစံနှုန်း မသတ်မှတ်ရသေးခြင်းကြော့င့် အခွန် နှုန်းထားသတ်မှတ်ဖို့ လက်ခံဆောင်ရွက် ခြင်းမရှိသေးကြောင်း၊ မြေဝယ်ထားသူ များမှ နာမည်ပေါက်ဆောင်ရွက်ခြင်း မပြုလုပ်သေးကြောင်း သိရပါတယ်။ မြေစံနှုန်း မသတ်မှတ်ရသေးသော်လည်း အိမ်ငှားရမ်းမှုများပြားလျက်ရှိနေကြောင်း သိရပါတယ်။      ဇူးဇူး - မန္တလေး