Main menu

Background

အစေ့ထုတ်ပြောင်း အရောင်းအဝယ်ကောင်း

Mon, 10/21/2013 - 15:17 -- ydnar

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးစခန်းများမှ ကန်ဒေါ်လာ ၇ ဒသမ ၅၉၆ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၄၃၁၃ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့တဲ့ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၂၄၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၉၇ တန်ကျော်၊ လွယ်ဂျယ်မှ ၆၅၈တန် နဲ့ ကန်ပိုက်တီးမှ ၇၉  တန်ခွဲ ဖြစ်ပါ တယ်။

ယခင်အပတ်က စခန်း (၄)ခုပေါင်း တင်ပို့မှု ၁၄၄၆ တန်ကျော်ပိုမိုလာသလို မူဆယ်ကုန်စည်ဒိုင်မှာလည်း ပြောင်း ၁တန်ကို ယခင်အပတ်က ၂၇၇၃၅၆ ကျပ်ရှိရာမှ ယခုအပတ်တွင် ၂၇၉၃၄၆ ကျပ်ထိ ဈေးမြင့် တက်လာတာကို တွေ့ရပါတယ်။ ဈေးကွက်ဝင်ပြောင်းများအဓိကစိုက်ပျိုးတဲ့ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ နှစ်စဉ် အစေ့ထုတ်ပြောင်းများစိုက်ပျိုး လျက်ရှိပြီး ယခုအချိန်မှာ ပြောင်းဖူးဆံ အခြောက်များကို ပွဲရုံများသို့လှည်းများ၊ စက်လှေများနဲ့တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဈေးကွက်တင်ပို့မဲ့အစေ့ထုတ်ပြောင်း မှာ ၁ ဧကကို တင်း ၄၀ မှ ၆၀ ဝန်းကျင်ထိထွက်ပြီး ယခုလက်ရှိပြောင်းဆံခြောက် ၁ တင်းကို ကျပ် ၆၀၀၀ ဈေးဝန်းကျင်ပေါက်ဈေး ရှိနေတယ်လို့လည်း သိရပါတယ်။မော်မော်အောင်၊  MIRT (DCCA)