Main menu

Background

တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှရော်ဘာနဲ့ ဆန်များကို ၅ နှစ်ကျော် ဝယ်ယူသွားမည်ဟုဆို

Mon, 10/21/2013 - 15:27 -- ydnar

ထိုင်း ဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံရာမှာ ကုန် သွယ်မှုပိုင်းဆိုင်ရာ အလားအလာကောင်းများ ဆွေးနွေးနိုင်ခဲ့ တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရ Website မှာ တနင်္ဂနွေနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့က တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် ဆန်တန်ချိန် ၁ သန်းနဲ့ ရော်ဘာတန်ချိန် ၂ သိန်းကို ၅ နှစ်ကျော်ကြာအောင် ဝယ်ယူသွားမယ်၊ အရောင်းအဝယ် ကို အစိုးရအချင်းချင်း အခြေခံတဲ့ စနစ်နဲ့ လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။                                            CMK