Main menu

Background

အလှမွေးငါး တင်ပို့မှုမှဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ်

Tue, 09/14/2010 - 09:58 -- Anonymous (not verified)

 အလှမွေးငါး တင်ပို့မှုမှဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ်    မြန်မာနိုင်ငံက ဖမ်းယူရရှိသည့် တိုင်းရင်းအလှမွေးငါးများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ဒေါ်လာ ဝ ဒသမ ၇၇ သန်း ရရှိထားပြီးဖြစ် သည်။    ''တိုင်းရင်းအလှမွေးငါးတွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ အင်း တော်ကြီးဒေသ၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရရှိနိုင်ပါတယ်။ ငါးပျောက်၊ သစ်ငုတ်ခို၊ ငါးနီးချောင်း၊ ကျားသစ်၊ ငါးမွေးစု၊ ငါးသစ်တုံးစတဲ့ အလှမွေးငါးမိုျးစိပ်ပေါင်း ၁၅ဝ ကျော်ရှိနေပါတယ်။ မြန်မာ့အလှမွေးငါးတွေကို တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုရှိနေပါတယ်'' ဟု အလှမွေးငါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုအခါ မြန်မာ့အလှမွေးငါးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူ နိုင်ငံမှ အလှမွေးငါးမိုျးစိတ်သစ်များ တင်သွင်းသားဖောက်၍ ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့သားဖောက်ရန် စီစဉ်နေကြောင်းသိရပါသည်။ခင်မျိုးသွယ်