Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာ နှမ်းမျိုးစုံအဝင်လှိုင်အရောင်းအဝယ် သွက်

Mon, 10/21/2013 - 15:40 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံက ဈေးကွက်သို့အဝင်လှိုင်နေ သလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တာကြောင့် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ နှမ်းနီတစ်ပိဿာ ၂၇၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၂၄၅ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၉၈၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၃၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၇၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀၀ မှ ၇၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။