Main menu

Background

မြန်မာ့ပေါင်းဆန်များ ရုရှနဲ့ စင်္ကာပူနိုင်ငံအပြင် EU နိုင်ငံများကိုပါ တင်ပို့နေပြီ

Tue, 10/29/2013 - 12:06 -- ydnar

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစ ဇွန်လအတွင်း ရုရှနိုင်ငံရဲ့ကမ်းလှမ်းချက် အရ မြန်မာ့ပေါင်းဆန်ကို စတင် တင်ပို့ ပေးနိုင်ခဲ့ပြီ ဖြစ်သလို EU နိုင်ငံများကိုပါ ပေါင်းဆန်တင်ပို့နိုင်ရေးကြိုးပမ်း ဆောင် ရွက်လျက်ရှိရာမှ စက်တင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး EU နိုင်ငံ တွေကိုပေါင်းဆန်တင်ပို့မှု စတင်နေပြီ ဖြစ်ပါကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လိုင်စင် လာရောက်လျှောက်ထားမှု အရ သိရှိ ရပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ် ကာလအတွင်း  Bamar Commodity Trading  ကုမ္ပဏီမှ စပိန်နိုင်ငံသို့ ပေါင်းဆန် (ဧည့်မထ ၅ မှတ်) ၆၂၅ တန်နဲ့ Golden Lace  ကုမ္ပဏီမှ တန်ချိန် ၅၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ Golden Lace  ကုမ္ပဏီမှ အောက်တိုဘာလ ဒုတိယပတ်မှာ ဧည့်မထ ၅မှတ် တန်ချိန် ၂၅၀ ထပ်မံ တင်ပို့ ခဲ့တဲ့အပြင် ပထမအကြိမ် ပေါင်း ဆန် ဆန်ကွဲ B(2,3,4)  ၁၂၅ တန်ကိုပါ တင်ပို့နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဆက်လက်ပြီး ဥရောပသမဂ္ဂနိုင်ငံ နယ်သာလန်သို့ပေါင်းဆန်ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၂၅ တန်နဲ့ခရိုအေးရှား နိုင်ငံသို့ ၁၂၅ တန် အသီးသီး တင်ပို့မှုရှိ ကြောင်း သိရပါတယ်။ အောက်တိုဘာလ တတိယပတ် အစောပိုင်းကာလတွင် May Yu Marine ကုမ္ပဏီမှ စင်္ကာပူနိုင်ငံသို့ ပေါင်း ဆန်(ဧည့်မထ ၅မှတ်)ဆန်ဖြူတန် ၅၀ တင်ပို့ခဲ့ပြီး Shwe Wah Yaung ကုမ္ပဏီမှ အောက်တိုဘာလ တတိယ ပတ်တွင် EU နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံသို့ ပေါင်းဆန် (ဧည့်မထ ၅မှတ်) တန် ၁၀၀နဲ့ ပေါင်းဆန်(ဇီယာ ၅ မှတ်) တန် ချိန် ၁၅၀ အသီးသီး တင်ပို့မှုရှိကြောင်း သတင်းရရှိပါတယ်။ဆွေဆွေဝင်း MIRT (DCCA)