မန်းမှာ ဆန်သစ် ဝင်လာခြင်းကြောင့်အရန်ဆန်များ မရောင်းရ

မန္တလေးတိုင်းဒေသကြီးအတွက် အရန်ဆန်များ ရောင်းချပေးလျက်ရှိရာ ဆန်သစ်ဝင်လာပြီး၊ အရန်ဆန်ထက် ဈေးနိမ့်နေခြင်းကြောင့် အရန်ဆန်များ မရောင်းချရကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ဆန်စပါး လုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင် ဦးတင်လှိုင်ဝင်းက ''အရန် ဆန် မရောင်းရတာ ရက် ၂၀ လောက်ရှိပြီ၊ တစ်အိတ်မှ မရောင်းရဘူး။ ဆန်သစ် ပေါ်ပြီး အရန်ဆန်ဈေးထက် ဆန်သစ် ဈေးကနိမ့်နေတော့ မရောင်းရတာ။

အရန် ဆန်တစ်အိတ်ကို ၁၇၀၀၀ ကျပ်နဲ့ ရောင်းရာက မရောင်းရလို့ အရန်ဆန် ရောင်းချရေးဆပ်ကော်မတီကို တင်ပြ လိုက်ပြီး ၁၆၅၀၀ ကျပ်ဈေးနဲ့ ရောင်းချ နေပါတယ်။ ဆန်သစ်ဈေးက ယခု ပေါ်စမှာ တစ်အိတ်ကို ၁၄၀၀၀ ကျပ် - ၁၅၀၀၀ ကျပ်ဆိုတော့ အရန်ဆန် မဝယ် တော့ဘူး။ ဈေးလည်းမကွာသလို ဆန်သစ်လည်းဖြစ်တော့ ဆန်သစ်ပဲ ဝယ်တာပေါ့။ အရန်ဆန်ရောင်းချတဲ့ အတွက်တော့ ဆန်ဈေးကွက်က အေး ပါတယ် " လို့ ပြောပါတယ်။ အရန်ဆန်များကို ဆန်ဈေးကျဖို့ ရည်ရွယ်ပြီး၊ ရောင်းချပေးခြင်း ဖြစ် ကြောင်း၊ အရန်ဆန် အိတ်ပေါင်း ၃၆၀၀၀ ကျော်မှာ အိတ် ၆၀၀၀ သာ ရောင်းချမှု ရှိပြီး အိတ် ၃၀၀၀၀ ကျော် လက်ကျန်ရှိနေကြောင်း သိရပါတယ်။ လတ်တလောမှာ ဆန်သစ်စတင်ဝင် နေပြီး ဆန်သားခြောက်သွေ့မှုမရှိသေး ခြင်းနဲ့ ဆန်သစ်လှိုင်လှိုင်မဝင်သေးခြင်း ကြောင့် ဆန်သစ် ဈေးနှုန်းကျဆင်း နိုင် ခြင်းကြောင့် ဆန်ဈေးကွက်အေးနေ ကြောင်း၊ လတ်တလောမှာ စားသုံးသူ သာ ဆန်သစ် ဝယ်ယူမှုရှိကြောင်း သိရ ပါတယ်။ဇူးဇူး - မန္တလေး