Main menu

Background

လက်ကားလက်လီ ဝယ်လက်ညီလာတဲ့ မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်

Tue, 10/29/2013 - 12:10 -- ydnar

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ စတုတ္ထပတ် ပဲမျိုးစုံဈေးကွက်မှာ Export ဝယ်လက်ထက် ပဲလက်လီနဲ့ လုပ်ငန်း သုံးသမားတွေ အဝယ်လိုက်ခဲ့လို့ အရောင်းအဝယ် အနည်းငယ် သွက်ခဲ့ တယ်လို့ သိရပါတယ်။ အထူးသဖြင့်  ကုလားပဲအုပ်စု ဈေးကွက်မှာဆိုရင် ပွင့်လင်းရာသီစပြီဖြစ်လို့ မန္တလေးနဲ့ မုံရွာ ခွဲစက်သမားတွေ လုပ်ငန်းသုံး အဖြစ် ပဲအဝယ်သွက်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ပဲခွဲခြမ်းဈေး ကောင်းမွန်လာတဲ့အတွက် အခုလို ဝယ် လိုအား မြင့်လာခြင်းဖြစ်သလို ပဲဈေး လည်း အနည်းငယ် မြောက်လာတာ တွေ့ရပါတယ်။

ယခုတစ်ပတ်ကုလားပဲ မျိုးစုံ၊ တစ်တင်း ပေါက်ဈေးအနေနဲ့ ကုလားပဲရိုးရိုး ၁၆၃၀၀ ကျပ်၊ ထိုင်ဝမ် ၁၇၀၀၀ ကျပ်၊V2 ၁၇၃၀၀ ကျပ်နဲ့ 929 ၁၆၈၀၀ ကျပ် အသီးသီး အမြင့် ဆုံး ဖြစ်ခဲ့တာတွေ့ရပါတယ်။ အရောင်း အဝယ် အားဖြင့် ယခင်အပတ်တွေ ထက် မြင့်တက်လာကာ၊ တစ်ရက် အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်ကတော့ ပစ္စည်းလက်ကျန်နည်းသလို မန်း အဝယ်လက်လည်း ငြိမ်သွားလို့ တစ် တင်း ၂၇၀၀၀ ကျပ်မှာ တန့်နေပါတယ်။ ဒိုင်မှာ ပဲအဝင်နည်းသေးတဲ့ စိမ်းသေး ကတော့ တစ်တင်း ၂၅၅၀၀ ကျပ်နဲ့ ၂၆၀၀၀ ကျပ်မှာ ဈေးပေါက်ခဲ့ပြီး၊ ရန်ကုန် အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ စိမ်းသေးအနေနဲ့ ပခုက္ကူနယ်က အထွက်စောလို့ ဈေးကွက်မှာ အဝင် လှိုင်နေပေမဲ့ မုံရွာဒိုင်ဝန်းကျင်မှာတော့ အထွက်နောက်ကျလို့ ပဲအဝင်နည်း သေးတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာ ပဲစင်းငုံနီလည်း မန္တလေးလက်က အဆိုင်းနဲ့ ဝယ်ထားတဲ့ ပဲတွေ ရန်ကုန် တင်ပို့နေကြသလို မုံရွာဒိုင်မှာလည်း ရန်ကုန် Export  တွေ အခွံချွတ်ပြီး၊ အိန္ဒိယ ဈေးကွက်တင်ဖို့ အတွက် ဝယ်လိုအားကောင်းခဲ့လို့၊ တစ် တင်း ၁၉၀၀၀ ကျပ်ထိ အမြင့်ဆုံးပေါက် ခဲ့ပြီး၊ ပုံမှန်အားဖြင့် ၁၈၇၀၀ ကျပ်နဲ့ အရောင်းအဝယ် အဖြစ်များတယ်လို့ ကုန်သည် တချို့က ပြောပါတယ်။ အရောင်းအဝယ်အနေနဲ့ ရန်ကုန် ဝယ်လက် ကောင်းရင် တစ်ရက်အိတ် ၄၀၀၀ အထိ ဖြစ်ခဲ့ပြီး၊ ပုံမှန်အနေနဲ့ တစ်ရက်အိတ် ၂၀၀၀ မှ ၃၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ယခုလဆန်းပိုင်း အစက တစ်တင်း ၁၅၆၀၀ ကျပ်သာရှိခဲ့တဲ့ မတ်ပဲလည်း ဒီတစ်ပတ်မှာရန်ကုန် ဝယ်လက်ဆွဲအား ကောင်းလို့ တစ်တင်း ၁၈၀၀၀ ကျပ်ထိ အမြင့်ဈေးတက်ခဲ့ကာ အိတ်  ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ အခြားလက်လီ ပဲဈေးကွက်မှာလည်း ကုန်သည် လက် ဝယ် လက်ကျန် နည်းတဲ့ ပဲတွေ ဈေး ဆက်လက်ကောင်းနေရာ ပဲနီကြားဟာ တစ်တင်း ၂၄၅၀၀ ကျပ်၊ ကသဲပဲ တစ် တင်း ၂၃၀၀၀ ကျပ်နဲ့ ပဲပုပ်စေ့တစ်တင်း ၂၀၂၀၀ ကျပ်ထိ အသီးသီးအမြင့်ဈေး ပေါက်ခဲ့တာ တွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ် ပဲဈေးကွက်ရဲ့ထူးခြားမှုအနေနဲ့ အောက် တိုဘာ ၂၁ ရက်နေ့က ငွေဈေးတက်လို့ ဒိုင်မှာဖွင့်တဲ့ ပဲဈေးအားလုံးနီးပါး အမြင့် ဈေးခုန်တက်သွားခဲ့ပြီး နောက်ရက်တွေ မှာ ပုံမှန်ထက် အနည်းငယ်သာ ဈေး ပိုပြီး၊ အရောင်းအဝယ်သွက် လာခဲ့ တယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ထွန်းလှိုင် - မုံရွာ