မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာ လက်ရှိ ပြည်ပ(တရုတ်) ဝယ်လက် ဆွဲအားကောင်းနေတဲ့ သီးနှံ တစ်ခုဖြစ်တဲ့ နှမ်းရောင်စုံများ ရောင်း ဝယ်မှု အားကောင်းလျက် ရှိကြောင်း သိရပါတယ်။ နယ်မြို့ပွဲစား၊ တောပွဲစား များထံမှ နှမ်းရောင်စုံများ ဝင်ရောက် သလောက် အရောင်းအဝယ်ဖြစ် နေပါ တယ်။ နှမ်းရောင်စုံများရဲ့ ဈေးနှုန်းများ အတက်ဖက်မှာ ရှိနေပါတယ်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ စတုတ္ထအပတ် ပေါက်ဈေးနှုန်းများမှာ နှမ်းဖြူတစ်ပိဿာ ၃၄၈၉ ကျပ် (တစ် တန် ၂၁၃၆၆၂၉ ကျပ်)၊ နှမ်းညို တစ် ပိဿာ ၂၆၆၇ ကျပ် (တစ်တန် ၁၆၃၃၂၄၄ ကျပ်)၊ နှမ်းနက်တစ်ပိဿာ ၃၂၈၉ ကျပ် (တစ်တန် ၂၀၁၄၁၅၁ ကျပ်)၊ နှမ်းနက်(စမုံ)တစ်ပိဿာ ၃၆၀၀ ကျပ် (တစ်တန် ၂၂၀၄၆၀၄ ကျပ်)နဲ့ နေ့စဉ် သုံးတင်းဝင်အိတ် ၁၅၀၀ ကျော် အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ နယ်က အဝင်ရှိသလောက် အရောင်း အဝယ်ဖြစ်ကြောင်း၊ လှောင်လက်များမှ လည်း ထုတ်ရောင်းကြောင်း၊ နှမ်းဖြူကို တရုတ် ဝယ်လက်အပြင် ဒေသတွင်း နှမ်း အခွံချွတ်စက်များမှလည်း ဝယ်ယူမှု ရှိကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်း သာမက အခြားတိုင်းဒေသကြီး များမှ ဝင်ရောက်မှုရှိသော်လည်း ဝယ် လိုအားမှာ ဈေးကွက် လိုအပ်ချက် များပြားတာကြောင့် ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ရာသီ ဥတုဒဏ်ကြောင့် အထွက်နှုန်း လျော့ ကျပေမဲ့ ဈေးကောင်းရရှိတဲ့အတွက် နှမ်း စိုက် တောင်သူများအနေနဲ့ ခုသာခံသာ ရှိကြောင်း နှမ်းကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။ နှမ်းရောင်စုံလို တရုတ်ဝယ်လက် ဆွဲအားကောင်းတဲ့ ပဲတီစိမ်းကြီး ဈေးမာမာနဲ့ အရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ စတုတ္ထအပတ်မှာ ပဲတီစိမ်းကြီးတစ်ပိဿာ ၁၅၁၁ ကျပ် (တစ်တန် ၉၂၅၃၂၁ ကျပ်) နေ့စဉ် သုံးတင်း အိတ် ၁၀၀၀ ကျော်(၉၁ တန် ကျော်) အရောင်းအဝယ်ဖြစ်ကြောင်း၊ အရည်အသွေးအပေါ် မူတည်ပြီး ဈေး နှုန်းကွာခြားမှုရှိကြောင်း၊ မိမိတို့ရဲ့ ကုန် စည်ဒိုင်မှာ များသောအားဖြင့် အရည် အသွေးကောင်းတဲ့ သီးနှံကိုသာ ဝယ်ယူ ကြောင်း၊ သို့မှသာ ပြည်ပကို တင်ပို့ရာ မှာ ဈေးနှုန်းရရှိမှာ ဖြစ်ကြောင်း ကုန် သည် လှောင်လက်တစ်ဦးမှ ပြောပါ တယ်။စိုးအောင် - မန္တလေး