Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက် မတ်ပဲနဲ့ပဲစင်းငုံဈေးများ မြင့်တက်လာခဲ့ပေမယ့် အခြားပဲများကတော့ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့

Tue, 10/29/2013 - 12:13 -- ydnar

ပဲခူး တိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ ယခုအောက်တိုဘာ တတိယ ပတ် အတွင်း ပဲမျိုးစုံအရောင်းအဝယ် အေးခဲ့ပေမယ့် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း များ မြင့်တက်လာခဲ့တာကို တွေ့ရပါ တယ်။ ကုလားပဲ၊ ပဲကြီး၊ ပဲလွန်းဖြူနဲ့ ထောပတ်ပဲ၊ စားတော်ပဲဈေးများက တော့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲသီးနှံမှာ ပဲလက်ကျန် များ ထုတ်ရောင်းချလာကြပြီး၊ တစ်ရက် အိတ် ၃၀၀ မှ ၅၀၀ အထိ ရန်ကုန် ဝယ်လက်အဝယ်ရှိသလို မျိုးစိုက်ပျိုးဖို့ ဝယ်ယူမှု ရှိလာတဲ့အတွက် ဈေးနှုန်းများ ဈေးမြင့်လာတယ်လို့ သိရပါတယ်။

ယခု တစ်ပတ်မှာ မတ်ပဲတစ်တင်း ၁၈၀၀၀ ကျပ်ထိ ဈေးပိုရလာခဲ့ပါတယ်။ ပဲစင်းငုံ ဈေးနှုန်းလည်း ယခုတစ်ပတ်အတွင်း ဈေးမြင့်လာတဲ့အတွက် လှောင်သမား များ ထုတ်ရောင်းချလာတာကြောင့် တစ်ရက်အိတ် ၃၀၀ ကျော် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဈေးမှာ ယခုတစ်ပတ် ပဲအဝင် မရှိဘဲပဲဈေးလည်းငြိမ်နေခဲ့ပြီး၊ တစ်တင်း ၁၇၇၀၀ ကျပ်နဲ့ ခွဲစက်သမား အဝယ်ရှိ လို့ အိတ် ၅၀ ကျော် နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသီးနှံကတော့ မျိုးသမား ဝယ်လက် အေးသွားပြီး၊ ဒေသတွင်း ပဲကြော်ဖို လုပ်ငန်းသမားများသာ ဝယ် ယူ လျက်ရှိတာကြောင့် ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်း ၄၁၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၄၀၀၀၀ ကျပ်နဲ့ ဈေးအမြင့် အတိုင်း အတက်အကျမရှိ ဘဲ ဈေးငြိမ်ရောင်းဝယ်နေခဲ့ပါတယ်။ ဘိုကိတ်ပဲမှာလည်း လက်ကျန်ပဲအချို့ လက်လီသမားဝယ်ယူနေကြတာကြောင့် တစ်တင်း ၁၉၀၀၀ ကျပ်၊ ပဲလွန်းဖြူမှာ တစ်ရက် ၅အိတ်ခန့်သာ လက်လီသမား နဲ့ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေသလိုထောပတ် ပဲ နဲ့ ပဲပုပ်သီးနှံ ဈေးမှာလည်း ယခင် အပတ် အတိုင်း ထောပတ်ပဲတစ်တင်း ၂၂၀၀၀ ကျပ်၊ ပဲပုပ်တစ်တင်း ၂၄၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ ဒေသတွင်းသာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲသီးနှံကတော့ ဈေး ကွက် အတွင်း ဒုတိယဈေးအများဆုံး ရနေပြီး၊ တစ်တင်း ၃၇၅၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်နဲ့ လက်လီသမားများ နေ့ စဉ် ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုအောက်တိုဘာ တတိယပတ် အတွင်း ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံ သီးနှံသာ ရန်ကုန်ဝယ်လက် အဝယ်ရှိပေမယ့် အခြားပဲများကတော့ ဈေး လည်းအေးသလို ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်နေခဲ့တာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလည်း အေးခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်