Main menu

Background

နှမ်းဈေးနဲ့အပြိုင် မြေပဲဆန်ဈေးပါ တက်နေတဲ့ ပြည်ဈေးကွက်

Tue, 10/29/2013 - 12:14 -- ydnar

အောက်တိုဘာ စတုတ္ထအပတ် အတွင်း ပြည်ဈေးကွက်မှာ နှမ်းဈေးနဲ့ အတူ မြေပဲဆန်ဈေးပါ တက်နေ ပါ တယ်။ နှမ်းကို မန္တလေးဝယ်လက်များ က အဝယ်လိုက်သလို မြေပဲဆန်ကို ရန်ကုန် ဆီစက်သမားများက အဝယ် လိုက်နေပါတယ်။ ပေါက်ခေါင်း၊ မြန် အောင်နဲ့ ကံမဘက်မှ တစ်နေ့ကို နှမ်း အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာပြီး၊ အဝင် နည်းသွားတာကြောင့် နှမ်းဈေး ထောင်တက်နေသလို မြေပဲဆန်ကို အောင်လံ၊ ကြံခင်းနဲ့ ပေါက်ခေါင်းဘက် မှ တစ်နေ့ကို ပဲဆန်အိတ် ၁၅၀၀ ခန့် ဝင်ရောက်သော်လည်း မြေပဲဆန် ဈေး မြင့်နေတာ တွေ့ရပါတယ်။
 

ကုန် သည် အချို့က မိုးမြေပဲများကို လှောင်ထားပြီး၊ တက်ဈေးရမှ ထုတ်ရောင်းချတာ ကြောင့်ယခုအချိန်မြေပဲဆန်ဈေးတက် လာချိန်မှာ ထုတ်ရောင်းချလို့ ဈေးကွက် မှာ ပစ္စည်းများပြီး၊ ဈေးမြင့်နေပါတယ်။ ယခုအပတ်မှာ နှမ်းဈေးမှာ နှမ်းနီတစ် တင်း ၄၃၀၀၀ ကျပ်၊ ရိုးရိုးနှမ်းနက် တစ် တင်း ၄၈၀၀၀ ကျပ်နဲ့ စမုံနက်နှမ်းတစ် တင်း ၅၀၀၀၀ ကျပ်ဈေးနဲ့ ယခင်အပတ် ထက် ဈေးမြင့်လာသလို မြေပဲဆန်ဈေး မှာ ဆီဆန်တစ်ပိဿာ ၁၄၂၅ ကျပ်နဲ့ လုံးဆန်တစ်ပိဿာ ၁၇၅၀ ကျပ်ဈေးနဲ့ ဈေးမြင့်လာပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ၄၆၀၀ ကျပ်နဲ့ မြေပဲဆီဈေး မှာ တစ်ပိဿာ ၂၉၀၀ ကျပ်ဈေးနဲ့ ဈေးမြင့်ပြီး အရောင်းအဝယ် ဖြစ်နေပါ တယ်။ဝေေ၀မင်း - ပြည်