Main menu

Background

ဈေးရော အရောင်းအဝယ်ပါအေးနေတဲ့ချင်း (အသစ်)

Tue, 10/29/2013 - 12:24 -- ydnar

ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက်ကျန်ပြတ်သွားပြီး၊ ချင်းအတက်အသစ်များသာ ပိဿာ ၂၀ ဝင်တောင်း ၅၀၀ ခန့် အဝင်ရှိလာပါတယ်။ ချင်းတက်အသစ်မှာ ပစ္စည်းသိပ် မကောင်းသေးဘဲ၊ အရင် လိုသေးသဖြင့် အကျိုးအကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူနေရခြင်း ဖြစ်ပြီး၊ ပြည်ပွဲရုံများ၌ ချင်းတက်တစ်ပိဿာကို (ဂျွန်) ၁၃၀၀ ကျပ်၊ (ရှယ်)  ၁၅၀၀ ကျပ်တို့နှင့်အရောင်းအဝယ်အေးနေပါတယ်။ ချင်းတက်အသစ်ကို လှောင်လက် သမားများမှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီလက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၁၈၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှု အဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်-ပြည်