Main menu

Background

ရောင်းအားနည်းလို့ အဝင်နည်းတဲ့ ရှမ်းနနွင်းဈေးကွက်

Tue, 10/29/2013 - 12:28 -- ydnar

သီတင်းမကျွတ်ခင်က အဝင်နည်းနည်းရှိခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာတော့ အဝင်ပြန်နည်းသွားပါတယ်။ ရောင်းအား က သိပ်မရှိတော့ အဝင်ကလည်းသိပ်မရှိပါဘူး။ ချင်းကိုသာ ပိဿာချိန် အလုံးအရင်းနဲ့ ဝယ်နေပေမဲ့ နနွင်းကတော့ပေါ် ကာစကနေ အခုအချိန်အထိ မူဆယ်ဝယ်လက်နဲ့ တမူး ဝယ်လက်တွေက ပိဿာချိန် သောင်းချီပြီး ဝယ်တာကလွဲရင် ပြည်တွင်းသုံးလက်လီဈေးကွက်အနေနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

အရောင်တင်ဆီ အတွက်လည်း ဝယ်ယူမှု အနည်းအကျဉ်းသာရှိခဲ့ပါတယ်။ သီတင်းကျွတ်ပြီး ဒီတစ်ပတ် မှာ လည်း ပွဲရုံတွေက လက်လီစိတ်သာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ တောင်သူတွေကလည်း အဖိတ်ဈေးနဲ့ ဈေးနေ့ တွေမှာတော့ နည်းနည်းချင်းစီသာ လာရောက်ရောင်းချကြ တာကြောင့် ပိဿာချိန် ၃၀၀ ခန့်သာ အဝင်ရှိတယ်လို့လည်း သိရပါတယ်။ အခါအပြီး အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့ထိ တစ်ပတ်အတွင်းမှာ ပြည်ဝယ်လက်တွေက ချင်း ခြောက်နဲ့ရောပြီး၊ နနွင်းပိဿာချိန် ၁၄၀၀၀ ဝယ်ယူသွားတယ် လို့လည်း သိရပါတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေး တွေက တော့ အနိမ့်ဆုံး ၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀ ကျပ်ဈေးရှိပါ တယ်။                             ဧဧခိုင်-တောင်ကြီး