Main menu

Background

ဘာသာရေးပွဲတော်ချိန်မို့ သြဂုတ်လတစ်လတည်း တမူးနယ်စပ်မှ အုန်းသီးအလုံးငါးသောင်းကျော်တင်ပို့နိုင်

Tue, 09/14/2010 - 10:01 -- Anonymous (not verified)

 ဘာသာရေးပွဲတော်ချိန်မို့ သြဂုတ်လတစ်လတည်း တမူးနယ်စပ်မှ အုန်းသီးအလုံးငါးသောင်းကျော်တင်ပို့နိုင်    တမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်အိန္ဒိယနိုင်ငံသို့ ယခုသြဂုတ်လ တစ်လလုံး အုန်းသီးအလုံး ငါးသောင်းကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ပါက အလုံးရေ လေး သောင်းကျော် ကျပ်သန်းပေါင်း ၈ သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အုန်းသီးများ အမြောက်အမြား တင်ပို့နေခြင်းဟာ တစ်ဖက်နိုင်ငံမိုရေးနဲ့ အင်ဖာမှာရှိတဲ့ ကသည်း လူမိုျးနဲ့ အိန္ဒိယလူမိုျးတွေရဲ့ဘာသာရေးပွဲတော်မှာအသုံးပြုကြခြင်းကြောင့် ဖြစ်ပါတယ်။ ဘာသာရေးပွဲတော်ဟာ သီတင်းကျွတ်လ မတိုင်မီ ၁ဝ ရက် အလိုမှာ ကျင်းပမှာဖြစ်တာကြောင့် ပွဲတော်ကာလမတိုင်မီ စက်တင်ဘာလမှာလည်း ဆက် လက် တင်ပို့သွားနိုင်ဖွယ်ရှိတယ်လို့ မျှော်မှန်းနေကြကြောင်း ကုန်သည်အသိုင်း အဝိုင်းမှ သိရပါတယ်။                          Source:နကသ (တမူး)၊ခင်မိုးသူ