Main menu

Background

အဝယ်လိုက်လာမှုကြောင့် ရွှေဈေး ပြန်လည် မြင့်တက်ရသည်ဟုဆို

Tue, 10/29/2013 - 12:35 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးရော ကမ္ဘာ့ရွှေဈေးပါ ပြန်လည်မြင့် တက်လျက်ရှိကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်တွင် ရွှေ အဝယ်လိုက်နေမှုကြောင့် ရွှေဈေးများ ပြန်လည်မြင့်တက်လျက်ရှိပြီး ဆက် လက် မြင့်တက်နိုင်စရာ အလားအလာ များရှိနေသည်ဟု ရွှေကုန်သည်တစ်ဦး က ဆိုသည်။

"ဒီတစ်ပတ်ရွှေဈေးကွက်ထဲမှာ ရွှေဈေးက နေ့တိုင်းမြင့်တက်နေတယ်။ ကမ္ဘာ့ရွှေဈေးတက်လာတာကြောင့်လို့ ပြောလို့ရသလို မြန်မာ့ရွှေဈေးကွက် ထဲမှာလည်း ရွှေက အဝယ်တော်တော် လိုက်တယ်။ ဒီပါဝလီပွဲတော်နီးလာ တာ ကြောင့်ရယ်၊ သီတင်းကျွတ်ကာလ ကို ရောက်လာတာကြောင့်ရယ်၊ အဓိကကတော့ပွင့်လင်းရာသီ ရောက် လာတာကြောင့်ပေါ့ဗျာ။ အိန္ဒိယက ကမ္ဘာ့ရွှေဈေးကွက်မှာ တော်တော်ကို အဝယ်လိုက်နေတယ်။ ဒီအချိန်က သူ့ ရဲ့ရွှေရာသီပဲလေ။ သူက ကမ္ဘာ့ရွှေ ဈေးကွက်ကို မြင့်တက်အောင်ဆွဲတင် နိုင်တဲ့အတွက် ကမ္ဘာ့ရွှေဈေးတက်လာ သလို မြန်မာ့ရွှွေဈေးလည်း တက်လာ ရတာပါ"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် အောက် တိုဘာ ၂၁ရက်နေ့က ၆၈၆၀၀၀ ကျပ်ရှိသော်လည်း အောက်တိုဘာလ ၂၃ရက်နေ့တွင် ၆၈၉၀၀၀ ကျပ်သို့ မြင့်တက်လာခဲ့သည်။ အောက်တိုဘာ လ ၂၅ရက်နေ့တွင် ကျပ် ၆၉၁၀၀၀ သို့ မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အောက်တို ဘာ ၂၁ရက်နေ့က ၁၃၁၈ဒေါ်လာ ရှိခဲ့ရာမှ အောက်တိုဘာလ ၂၃ရက်နေ့ တွင် ၁၃၃၃ ဒေါ်လာသို့ မြင့်တက်ခဲ့ သည်။ ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၁၃၄၅ဒေါ်လာသို့ မြင့် တက်ခဲ့သည်။