Main menu

Background

ပင်လယ်ရေကြောင်းလမ်းမှဒီဇယ်နဲ့ ဓာတ်ဆီ တန်ချိန် သုံးသောင်းခုနှစ်ထောင်ကျော် တင်သွင်း

Tue, 10/29/2013 - 12:46 -- ydnar

အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၁၉ ရက်အတွင်း  ဓာတ်ဆီ တန်ချိန် တစ်သောင်းတစ်ရာလေးဆယ့်ခုနှစ်တန်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်း ခုနှစ်ထောင်လေးရာငါးဆယ်နှစ်တန်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုမရှိခဲ့ဘဲ ဒီတစ် ပတ်မှသာပြန်လည်တင်သွင်းခဲ့တယ် လို့သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ အောက်တိုဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများ က ဒီတစ်ပတ်မှာ တောင်ကြီး၊ ရန်ကုန်၊ မကွေးနဲ့ မန္တလေးတို့တွင် ဈေးငြိမ်နေပြီး မော်လမြိုင်မှာ အောက်တိန်းဈေးက အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာ လည်း ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ရန်ကုန်၊မန္တလေးတို့မှာ တစ်ထောင်ဝန်းကျင် ဈေးမြင့်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ဓာတ်ဆီ^ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် ၊ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ  ယခင်တစ်ပတ်ဈေး အတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီရောင်းချနေတဲ့ ဆိုင်များမှာ ဓာတ်ဆီဈေးမှာ ပီပါဈေးများမှာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဝယ်ဈေး ၂၀၅၀၀၀ ကျပ်ရှိရာမှ ၂၄ ရက်နေ့ မှာ၂၀၅၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ရောင်း ဈေးမှာ ၂၁ရက်နေ့ ၂၁၀၀၀၀ ကျပ်ရှိရာမှ ၂၄ ရက်နေ့မှာ ၂၁၃၀၀၀ ကျပ် ဈေး ရှိခဲ့ကြောင်း၊ ဒီဇယ်ဈေးမှာ၂၁ ရက်နေ့ဝယ်ဈေး ၁၉၁၀၀၀ ကျပ်ရှိရာမှ၂၄ ရက်နေ့မှာ ၁၉၀၀၀၀ ကျပ်ရှိခဲ့ပြီး၂၁ရက်နေ့မှာ ရောင်းဈေး ၁၉၃၀၀၀ ကျပ်နဲ့ တစ်ပတ်လုံး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ် သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများ ငြိမ်နေသလို လက်လီဆိုင်များရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေတယ်လို့သိရ ပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၉၅၇ ကျပ်၊ဒီဇယ်တစ်လီတာ ၉၅၇ ကျပ်၊အောက်တိန်း ၉၅၈ ကျပ် နဲ့ ရောင်းချနေပါတယ်။ဒီတစ်ပတ်ပြင်ပလက်လီဆိုင်များမှာတော့ ပီပါအလိုက် ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ဈေးမြင့်နေသလို ဓာတ်ဆီ ဝယ်ဈေး၊ ရောင်းဈေးမှာ တစ်ထောင်ဝန်းကျင် ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၄၀၀ ကျပ်ရောင်းဈေး ၄၆၀၀ ကျပ်ဖြစ်ပြီးဒီဇယ်ကဝယ်ဈေး ၄၂၀၀ကျပ် ၊ ရောင်းဈေး ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေပြီး အောက်တိန်းမှာ တစ်ရာကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေသလို ပြင်ပလက်လီဆိုင်များမှာလည်း ဓာတ်ဆ၊ီ ဒီဇယ် ဈေးငြိမ်နေပြီးအောက်တိန်းမှာဈေးကျလာတယ်လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပ လက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးများမှာဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ်၄၂၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်ဈေးများ ငြိမ်နေ သလို ပြင်ပလက်လီဆိုင်များမှာ ရောင်းချနေတဲ့ ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများက ဒီဇယ်ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၉၀ကျပ်၊ ဒီဇယ်တစ်လီတာ ၉၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ်၊ အောက်တိန်း၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါ တယ်။                                                                                      MIRT-DOT