Main menu

Background

ငြိမ်သက်နေသည့် ငွေလဲလှယ်နှုန်းကြောင့် ကုန်သည်များ အလုပ်ဖြစ်ဟု ဆို

Tue, 10/29/2013 - 12:49 -- ydnar

ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းများသည် ငွေလဲစင်တာများတွင်သာမက ပြင်ပ ဈေးကွက်များတွင်ပါ ငြိမ်သက်နေမှု ကြောင့် ကုန်သည်များ အဆင်ပြေနေ ကြကြောင်း ပြင်ပငွေလဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

"ပြီးခဲ့တဲ့အပတ်ကတည်းက ငွေ လဲနှုန်းတွေ ငြိမ်သက်နေတာ။ ဒီတစ် ပတ်လည်း ဒီအတိုင်းပဲ၊ ခုလို ငွေလဲနှုန်း တွေ ငြိမ်သက်နေတော့ ကုန်သည်တွေ အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့။ နောက်ပြီး ငွေလဲစင်တာတွေနဲ့ အပြင် ကဈေးနဲ့ကလည်း သိပ်မကွာသလို အပြင်ဈေးကွက်မှာလည်း ငြိမ်နေတဲ့ အတွက် ရောင်းတဲ့သူရော၊ ဝယ်တဲ့သူပါ အဆင်ပြေတာပေါ့။ ဒေါ်လာဈေး အတက်အကျ နည်းရင် ကုန်စည်ဈေး ကွက်မှာလည်း အတက်အကျ နည်းတာ ပေါ့။ ကုန်သည်တွေ အဆင်ပြေနေတဲ့ အချိန်လို့တောင် ပြောလို့ ရပါတယ်"ဟု ပြင်ပငွေဈေးကွက်အတွင်း ရောင်းဝယ် နေသူတစ်ဦးက ဆိုသည်။အမေရိကန်ဒေါ်လာလဲလှယ်နှုန်း သည် ပြင်ပဈေးကွက်တွင် ဝယ်ဈေး ၉၆၉ကျပ်၊ ရောင်းဈေး ၉၇၀ ကျပ်ရှိပြီး ငွေလဲစင်တာ များတွင်လည်း ဝယ်ဈေး ၉၆၈ ကျပ်၊ ရောင်းဈေး ၉၇၆ကျပ်ရှိ ကြောင်း သိရသည်။