Main menu

Background

တစ်ပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများ (28-10-2013)

Tue, 10/29/2013 - 12:50 -- ydnar

ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ အာရပ်မှ ဘိလပ်မြေများဝင်
အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်သီတင်းတစ်ပတ်မှာ ကန်ဒေါ်လာ ခြောက် ဆယ့်တစ်သိန်းကျော်ဖိုးရှိ ဘိလပ်မြေ ၇၂၆၉၅ ဒသမ ၅၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၆၆၃၃ ဒသမ ၅ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၁၀၀၊ အိန္ဒိယမှ ဘိလပ်မြေတန်ချိန် ၁၃၇ ဒသမ ၅၀၊ ဗီယက်နမ် နိုင်ငံမှ ဘိလပ်မြေ ၁၂၆ ဒသမ ၅၀ တန်တင်သွင်းလာခဲ့ပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ် ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် လေးသောင်းသုံးထောင်ကျော် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။                   MIRT (DOT)
တစ်ပတ်အတွင်း အရောင်းအဝယ်ငြိမ်နေခဲ့တဲ့ ဘိလပ်မြေဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-အောက်တိုဘာလ ၁၃  ရက်မှ အောက်တိုဘာလ ၁၉ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန်ခုနှစ်သောင်း နှစ်ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးသောင်း သုံးထောင်ခုနှစ်ရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်က ယခင် တစ်ပတ်မှာတန်ချိန် ခြောက်ထောင်တစ်ရာကျော်အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ကိုးထောင့်ခြောက်ရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးထောင့်လေးရာကိုးဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့သလို နယ်စပ် လမ်းမှ  ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ဘိလပ်မြေ အရောင်း အဝယ်က ယခင်တစ်ပတ်လောက် ရောင်းအားမရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက  စိန်(ယိုးဒယား) ၆၈၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ က ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေက ၅၀၀၀ ကျပ်၊ အေ သုံးလုံး ၅၂၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၀၀၀ ကျပ်၊ဆင်(ထိုင်း)ဘိလပ်မြေ ၆၉၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အနောက် မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်နည်းနည်းလိုက်လာတယ်လို့ သိရပါတယ်။  ဒါပေမဲ့ ဒီတစ်ပတ်မှာ ဘိလပ်မြေ ဈေးတွေက ဆင်(ထိုင်း)က ဒီတစ်ပတ်မှာ၇၅ ကျပ်ဈေးကျလာခဲ့တယ်လို့ သိရပါ တယ်။ စိန်ဘိလပ်မြေက ဒီတစ်ပတ်မှာ ဈေး ကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၄၉၅၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၈၀၀ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၅၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိ တယ်လို့သိရပါတယ်။  ဒီတစ်ပတ်ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံး ၅၀၀၀ ကျပ်၊ မြန်မာဆင် ၄၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၄၈၀၀ ကျပ်၊ ကျားခေါင်း၄၆၀၀ ကျပ်၊ စိန်(ထိုင်း) ၆၂၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ ၆၂ လမ်း ၂၈-၂၉ ကြားအုတ်သဲကျောက်ရောင်းဝယ်ရေး အရောင်း ဆိုင်မှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန် ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ရှိပေမဲ့ ဘိလပ်မြေဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း)ဘိလပ်မြေ ၅၃၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၂၀၀ ကျပ်၊ ရာမို (အိန္ဒိယ) ၄၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်  MIRT (DOT)