သီတင်း တစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလ အတွင်း ကန်ဒေါ်လာ ခုနှစ်သိန်းလေး သောင်းကျော် တန်ဖိုးရှိ နို့ဆီ ၆၅၉ ဒသမ၆၆၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ မှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ နို့ဆီ ၃ တန်သာ ဝင်လာခဲ့တာကြောင့် ဒီ တစ်ပတ်မှာ နို့ဆီအဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၁၀ ဒသမ ၅၀ တန်နဲ့ စင်ကာပူ နိုင်ငံမှ ၅၂ ဒသမ ၁၄၉ တန်၊ စုစုပေါင်း ၆၂ ဒသမ ၆၄၉ တန်ဝင်လာခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့မှုန့်အဝင်မှာ တန် ချိန်တစ်ရာ့နှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင်တန်ချိန်ခြောက် ဆယ်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရ ပါတယ်။MIRT (DOT)
Background