Main menu

Background

အမြတ်ဖြင့် ရောင်းအားမြင့်တက်မှုကြောင့် စားအုန်းဆီဈေးကျ

Tue, 10/29/2013 - 13:12 -- ydnar

ရင်းဂစ်တန်ဖိုးမြင့်တက်မှုကြောင့် ပြည်ပဝယ်လက်များက ဝယ်ယူဖို့စိတ်ဝင်စားမှု နည်းပါးနေချိန်မှာ ယခင်ရက်များက ဈေးတက်ခဲ့တာကို အခွင့်ကောင်းယူပြီး၊ ရင်းနှီး မြှုပ်နှံသူများက ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါကြောင့် လေးရက်ဆက်တိုက် ဈေး နှုန်းမြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးက အောက်တိုဘာ ၂၃ ရက်ကြိုရောင်း ကြိုဝယ် ဈေးကွက်မှာ ဈေးနှုန်းကျဆင်းခဲ့ပါတယ်လို့ ဘိဇနက်တိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ကမ္ဘာမှာ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ ရဲ့ လက်ကျန်က ယခုနှစ်မှာ အများဆုံး သတ်မှတ်ထားတဲ့ တန်နှစ်သန်းရေချိန် အောက်ကို ကျဆင်းနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဈေးအကျ နည်းပြီး၊ တစ်တန်ကို ရင်းဂစ် ၂၄၅၅ မှ ရင်းဂစ် ၂၄၆၈ အတွင်းမှာသာ အတက်အကျရှိခဲ့ပါတယ်။ ထုံးစံအားဖြင့် တစ်နှစ်အတွင်း ထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ အောက်တိုဘာမှာ ထုတ်လုပ်မှုက မှန်းထားသလောက် ဖြစ်မလာဘူးလို့ ဈေကွက်ထဲမှာ ပါဝင်နေသူ (ပလေယာ)တွေကပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်မှာ စုစုပေါင်း ရောင်းချမှုက တစ်တွဲကို ၂၅ တန်ရှိတဲ့ အတွဲပေါင်း ၁၉၅၉၆ တွဲရှိခဲ့ပါတယ်။ ပုံမှန်ရှိနေကျအတွဲ ၁၂၅၀၀ ထက်ပိုမိုခဲ့ပါတယ်။ ရေနံစိမ်းဈေးကျဆင်းမှုကလည်း ဇီဝဒီဇယ်အဖြစ်သုံးတဲ့ စားအုန်းဆီကို ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံက ယခုနှစ် ယခုချိန်ထိ ဇီဝဒီဇယ်တန် ၁၂၃၀၀၀ ခန့်တင်ပို့ခဲ့ပြီး ဖြစ်တယ်လို့ မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ကပြောပါတယ်။ ၂၀၁၂ ခုနှစ် တစ်နှစ် လုံး ရောင်းချခဲ့တဲ့ ပမာဏရဲ့ ငါးဆရှိပါတယ်။ ဟင်းရွက်ဆီဈေးကွက်မှာ ဒီဇင်ဘာအတွက် ပဲပုပ်ဆီဈေးက အာရှဈေးကွက်မှာ စောစောပိုင်း သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ဆီဈေးက အတက်အကျမရှိ တန်းနေပါတယ်။ UNT