Main menu

Background

ခေတ်မီတဲ့အဆင့်မြင့်နည်းပညာများနဲ့ ကမ္ဘာလှည့်ကျွန်းတစ်ကျွန်းဖြစ်လာစေရေး နိုင်ငံခြားမှရင်းနှီးမြှုပ်နံှလိုကြတဲ့ ဖူးခက်

Tue, 09/14/2010 - 10:05 -- Anonymous (not verified)

 ခေတ်မီတဲ့အဆင့်မြင့်နည်းပညာများနဲ့ ကမ္ဘာလှည့်ကျွန်းတစ်ကျွန်းဖြစ်လာစေရေး နိုင်ငံခြားမှရင်းနှီးမြုပ်နံှလိုကြတဲ့ ဖူးခက်    နိုင်ငံခြားရင်းနှီးမြုပ်နံှသူအများစုက ဘန်ကောက်မြို့ တော်နဲ့ တောင်ဘက်ကျွန်းဆွယ်မှာရှိတဲ့ ဖူးခက် လေယာဉ် ကွင်းကိုမြေအောက်ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့်လျှပ်စစ်ရထား သံလမ်းဖြင့် ဆက်သွယ်ပြီး ယာဉ်ပိတ်ဆို့မှု  ပြဿာနာအား ဖြေရှင်းနိုင်ဖို့အတွက် ရင်းနှီးမြုှုပ်နံှမှုလုပ်ရန် ဆန္ဒရှိကြပါတယ်။ တရုတ်နိုင်ငံမှ Pan-China Construction Group ဟာ လျှပ်စစ် မီးရထားလမ်းနဲ့ ကျွန်းပေါ်တွင် ကမ္ဘာလှည့်ခရီးသည် များအား ဆွဲဆောင်နိုင်မဲ့ စီမံကိန်းများကို ရင်းနှီးမြုပ်နံှမှုပြုလို တဲ့ အတွက်  ဖူးခက်ကျွန်းမှာ ဖြစ်နိုင်ခြေရှိတဲ့  အခြေအနေ များအား လေ့လာပြီးနောက် အစိုးရရဲ့နိုင်ငံခြားရင်းနှီး မြုပ်နံှမှုအစီအစဉ်များကို နိုင်ငံအတွင်းရှိ အခြားခရိုင်များ ကိုပါ အသိပေးသွားမယ်လို့ ပြောကြားပါတယ်။ ဖူးခက် ရထား လမ်း စီမံကိန်းက နိုင်ငံခြားရင်းနှီးမြှုပ်နံှသူများရဲ့ စိတ်ဝင်စားမှု ကိုကြီးမားစွာ ရရှိထားပြီး အထူးသဖြင့် တရုတ်နိုင်ငံက စိတ်ဝင်စားမှုရှိနေကြောင်း၊ တရုတ်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီ များဟာ ဖူးခက်မှ တာဝန်ရှိသူများနဲ့လာမည့် စက်တင်ဘာ  (၁ဝ) ရက်နေ့မှာ စီမံကိန်းအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ရည်ရွယ်ချက်အနေနဲ့ ကျွန်းပေါ်မှာ အချိန် ကြာကြာ ယာဉ်ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ဖြစ်ပြီး တောင်ထူထပ်သည့် နေရာများမှာ ကုန်းလမ်း သွား ယာဉ် မောင်းသူများမှ ယာဉ်လမ်းကြောင်းအလွယ်တကူ မောင်းနှင်နိုင်ဖို့ဖြစ်ပါတယ်။ဆောက်လုပ်မဲ့ Pa Tong ဥမင် လိုဏ်ခေါင်း အစီအစဉ်ကိုမူ တောင်ကိုရီးယားလုပ်ငန်းအဖွဲ့က ရင်းနှီးမြှုပ်နံှလိုပြီး နိုင်ငံခြား၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရန်အတွက် ကျွန်းပေါ်မှာ ပါတီပွဲတစ်ခု ပြုလုပ်ပြီး နိုင်ငံခြားသား ရင်းနှီးမြုပ်နံှသူများ အနေနဲ့ rail-line မှာ ရင်းနှီးမြှုပ်နံှဖို့ စိတ်အားထက်သန် ကြောင်းပြသရန် စီစဉ်သွား မှာဖြစ်ပါတယ်။ ဖူးခက် ကမ္ဘာလှည့် ခရီးသွားအဖွဲ့ ဥက္ကဌ ှSomboon Jirayas က  ဖူးခက် ကျွန်းဟာအလွန် သာယာ တဲ့ ခေတ်မီသည့် နည်းပညာများ တပ်ဆင် အသုံးပြုထားတဲ့ ကျွန်းအဖြစ် ကမ္ဘာလှည့် ခရီးသည်များ အသိမှတ်ပြုလာ စေရမယ်လို့ ပြောကြားခဲ့ကြောင်း ဖူးခက်ကျွန်း အုပ်ချုပ်ရေးမှူး Wichai Praisangob  မှ ပြောကြားပါတယ်။ှSource: Thai News Agencyကျော်စိုးဝင်း