Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်လို့ ဈေးစွာ

Tue, 10/29/2013 - 14:24 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက် ဝယ်လိုအားများလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၁၀ ကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပြန် လိုက်လာသလို ပဲလက်ကျန်ရှိတဲ့ကုန်သည်တွေကလည်း ဈေးကောင်း ရတဲ့အချိန်မှာ ထုတ်ရောင်းမှုတွေရှိတာကြောင့် အရောင်းအဝယ်နေ့ စဉ်ရှိတယ်လို့ ဆိုရမှာပါ။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၉၄၅ ကျပ်(တစ်တန်ကို ၅၇၈၇၀၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။