Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန် အဝယ်ရှိလို့ ဈေးမြောက်လာ

Tue, 10/29/2013 - 14:24 -- ydnar

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်ဝယ်လိုအား သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာ ပြီး တစ်ပိဿာကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲရဲ့ လက်ကျန်ကလည်း နည်းနေတယ်။ ရန်ကုန်ဝယ်လက်ကလည်း ဈေးကောင်းပေးဝယ်လို့ လှောင်လက် ကုန်သည်တစ်ချို့တွေ ထုတ်ရောင်းမှုများလာလို့ အခုလိုအရောင်းအ ဝယ်ဖြစ်မှုပမာဏတွေ တိုးလာတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆို ပါတယ်။