Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ ကုလားပဲဈေးစွာပြီး မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေးငြိမ်နေ

Tue, 10/29/2013 - 14:25 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၅၆၃ ကျပ်(တစ်တန်ကို ၉၅၇၁၆၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ပဲက ပစ္စည်းလက် ကျန်နည်းလာပေမယ့် အရည်အသွေးကောင်းတဲ့ထိပ်စကို တရုတ်က ဈေးကောင်းပေးအဝယ်ရှိခဲ့သလို အရည်အသွေးအသင့်အတင့်ရှိတဲ့ ပဲတွေကိုတော့ ဒေသတွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆို ပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ရန်ကုန်ဝယ် လက်တချို့နဲ့ မြို့ခံပဲခွဲစက်တွေက ဒီတစ်ပတ်မှာ အဝယ်ပြန်လိုက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ် လည်း နေ့စဉ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ဒေသတွင်းပဲခွဲစက်တွေက ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်း ငုံနီအနေနဲ့ အရင်အပတ်တွေက ရန်ကုန်အဆွဲပါးပြီး မြို့ခံခွဲစက်တွေ သာဝယ်အားပုံမှန်ရှိပေမယ့် ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက် အဝယ်ပြန်လိုက်လာသလို မြို့ခံခွဲစက်တွေလည်း ဝယ်အားပုံမှန်ရှိလို့ တစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။