ယခုနှစ်မိုးလယ်၊ မိုးနှောင်းကာလ များတွင် အိန္ဒိယနိုင်ငံ ကြက်သွန်နီစိုက် ပျိုးရာဒေသများသို့ မုန်တိုင်းဝင်ရောက် ခဲ့မှုကြောင့် ကြက်သွန်နီစိုက်ခင်းများ အများအပြားထိခိုက်ပျက်စီးခဲ့သည့်အ တွက် အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီလို အပ်ချက်များရှိနေပြီး တရုတ်နှင့်ပါကစ္စ တန်နိုင်ငံများက မှာယူတင်သွင်းနေရ ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ သည် ကမ္ဘာပေါ်တွင် ကြက်သွန်နီအ များဆုံးစိုက်ပျိုးသလို အများဆုံးစားသုံး သည့်နိုင်ငံဖြစ်ပြီး အများဆုံးတင်ပို့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိ ယမှာ ကြက်သွန်နီလိုအပ်ချက်ရှိနေပြီး ၁ KG ကို ရူပီး (၁၀၀) ခန့်အထိဈေး တက်သွားကြောင်းလည်း သိရပါတယ်။
အိန္ဒိယရဲ့ ကြက်သွန်နီဈေးမြင့်တက်မှုနဲ့ လိုအပ်ချက်များရှိနေတဲ့အတွက် မြန်မာ နိုင်ငံနယ်စပ်မှာ ကြက်သွန်နီအဝယ် လိုက်နေပြီး ပြည်တွင်းလက်ကားဈေး ကွက်များမှာ တစ်ပိဿာကို ၁၀၀၀ိ/-မှ ၁၁၀၀ိ/-အထိ ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ရာသီဥတုအခြေအနေ ပေးခဲ့တဲ့အတွက် မြန်မာ့ကြက်သွန်ထွက် အားကောင်းခဲ့ပါတယ်။ ဒါပေမဲ့ကုန် သည်လှောင်လက်များအနေနဲ့ ၂ နှစ် ၃ နှစ်ခန့်ဆက်တိုက်အရှုံးပေါ်ခဲ့တာ ကြောင့် ဝယ်မလှောင်ရဲခဲ့တဲ့အတွက် ကြက်သွန်စိုက်တောင်သူအလတ်နဲ့ တောင်သူကြီးတွေလက်ထဲမှာ အများစု ကျန်ရှိနေပါတယ်။ ဒါကြောင့် ယခုနှစ် မှာ ကြက်သွန်နီကုန်သည်လှောင်လက် များ အကျိုးအမြတ် သိပ်မရနိုင်ခဲ့ဘဲ လက်ထဲမှာသိုလှောင်ထားတဲ့ တောင်သူ အများစုဈေးကောင်းရပြီး ယခင်နှစ်များ ကထက် အကျိုးအမြတ် ပိုမိုရရှိခဲ့ပါ တယ်။ ပခုက္ကူနဲ့ ပေါက်မြို့နယ်က ဒေသ တချို့မှာ ဥစိုက်ကြက်သွန်နီနဲ့ ကြက်သွန်အမြိတ်များစတင်ထွက်ပေါ် နေပြီဖြစ်ရာ ဈေးကောင်းတဲ့အချိန်ဖြစ် လို့ ကြက်သွန်စိုက်တောင်သူများ ဆင့် ကဲအကျိုးအမြတ်ရရှိနေကြောင်း သိရ ပါတယ်။ ဒါ့အပြင် မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူ၊ ရေနံ ချောင်းစတဲ့ ကြက်သွန်စိုက်ဒေသများ မှာ ကုန်းစိုက်(ဥစိုက်) ကြက်သွန်နီများ စိုက်ပျိုးထားပြီဖြစ်ပြီး လာမဲ့နိုဝင်ဘာလ ကုန်ပိုင်းနဲ့ ဒီဇင်ဘာလတွေမှာ လှိုင်လှိုင် ထွက်ပေါ်လာမှာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ကြက်သွန်နီလက်ကျန်အနေ နဲ့ ပြည်တွင်းစားသုံးဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါ တယ်။ မိုးစိုက်ကြက်သွန်တွေလဲ ပေါ် ထွက်လာနေပြီဖြစ်လို့ တောင်သူများ ဈေးကောင်းရသလို ပြည်တွင်းမှာလဲ ဖူ လုံမှုရှိကြောင်း သိရကြောင်းပါခင်ဗျား။