Main menu

Background

တရားမဝင်လိုင်စင်မဲ့ပစ္စည်းများသယ်ယူမှုလျော့နည်းလာ

Tue, 10/29/2013 - 14:28 -- ydnar

အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ထိကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အားနဲ့ တရားမဝင်လိုင်စင်မဲ့ပစ္စည်းများ စစ် ဆေးရှာဖွေတွေ့ရှိအမှုတွဲ ဖွင့်လှစ်အရေး ယူနိုင်မှု (၂)မှုသာရှိပြီး၊ တန်ဖိုးအားဖြင့် ကျပ် ၇၉ ဒသမ ၂၆၅ သိန်းတန်ဖိုးရှိ တယ်လို့ သိရပါတယ်။ ယခင်အပတ်က တော့ ကျပ်သန်း ၈၅၀ ကျော် တန်ဖိုးရှိ အနွေးထည်များ၊အားကစားဘောင်းဘီ တိုများ၊လျှပ်စစ်ပစ္စည်းများ၊TV အရွယ်စုံ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဒီဇယ်အင်ဂျင်၊ ထော်လာဂျီအပိုပစ္စည်းနဲ့ သစ်သီးဝလံ များကို အကောက်ခွန်မဲ့ သိမ်းဆည်းရ မိခဲ့တာဖြစ်ပါတယ်။

ယခုအပတ်မှာလည်း ကျပ် ၁၆၇၁၅၀၀တန်ဖိုးရှိ အနွေးထည်(အထူ/ အပါး)၊အမျိုးသားဝတ်ဆွယ်တာ၊ကလေး ဝတ်အနွေးထည်၊ ဘောင်းဘီရှည်၊အမျိုး သမီးဝတ် Stoking၊ ဘရာစီယာ၊ အမျိုး သမီးဝတ်အတွင်းခံဘောင်းဘီ၊အမျိုးသမီး ဝတ်ရှပ်အင်္ကျီ၊ ဇာပိတ်စကပ်များနဲ့ ကျပ် ၆၂၅၅၀၀၀ တန်ဖိုးရှိ Insect Killer ၄၁၇၀ဘူး (၁ ထ ၃၀ ထ ၁၃၉ ဖာ)ကို စစ်ဆေးတွေ့ရှိရတဲ့အတွက်အကောက် ခွန်အမှုတွဲ (၂) မှု ဖွင့်လှစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခင်အပတ်နဲ့ နှိုင်း ယှဉ်လျှင် ၁၀ ဆကျော်နီးပါးလျော့နည်း သိမ်းဆည်းရမိတာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန်ဥပဒေ (၂၀၁၂) နဲ့ အရေးယူခံ ရမည်ကို ကြောက်ရွံ့ခြင်း၊ အခြေအနေ ကို စောင့်ကြည့်နေခြင်းများကြောင့် တရားမဝင်သယ်ဆောင်မှုများ လျော့ နည်းလာခြင်းဖြစ်နိုင်တယ်လို့ သုံးသပ် မိပါတယ်။Dcca Dcca