အိမ်အလှဆင်ရန်အတွက် အသုံး ပြုရန် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် အောက်တိုဘာလ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၃၆၄ သန်း တန် ဖိုးရှိတဲ့ အင်ကြင်းကျောက် ၈၄ တန်ခွဲကို တရုတ်ပြည်သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း ၅၇ တန်ကျော် တင်ပို့ ခဲ့လို့ ယခုအပတ်မှာ ၂၇ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့တာကိုတွေ့ရပါတယ်။ အင်ကြင်းကျောက်များတွေ့ရှိရာ မကွေး နဲ့ နတ်မောက်မြို့တို့မှာ ဒေသခံတောင် သူတွေက နွေသီးနှံစိုက်ပျိုးမှု မလုပ် နိုင်တဲ့အချိန်တွေမှာ အင်ကြင်းကျောက် ရှာဖွေတဲ့ လုပ်ငန်းကိုလုပ်ကိုင်ကြပြီး မန္တလေးမှတင်ပို့ကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်ကို ရောင်းချကြ ကြောင်းသိရပါတယ်။မော်မော်အောင် MIRT (DCCA)
Background