Main menu

Background

ကုန်ကြမ်းလက်ကျန်နည်းပြီး သကြားဈေးဆွဲတင်

Tue, 10/29/2013 - 14:43 -- ydnar

ပြည်တွင်းမှာ သကြားလက်ကျန် ကုန်ကြမ်းနည်းခြင်းကြောင့် သကြားဈေး မြင့်တက်လာပါတယ်။ သကြားဈေး  ယခုတစ်ပတ်မှာ ကုန်ကြမ်းလက်ကျန်နည်းလာ ပြီ ဖြစ်ပြီး၊ ကုန်ကြမ်းပေါ်မှာ တစ်ပိဿာကျပ် ၄၀ နဲ့ သကြားတစ်ပိဿာကို ကျပ် ၃၀ ဈေးတက်လာပါတယ်။
 

မြန်မာနိုင်ငံသကြားနဲ့ သကာရည်ကထိန်လုပ်ငန်းရှင်များ ကထိန်တော်အသင်း နာယက ဦးဝင်းဌေးက " ကုန်ကြမ်းထွက်ရမယ့် အချိန် မိုးကောင်းနေလို့ ကြံခုတ် ရာသီနောက်ဆုတ်တဲ့အတွက် ကုန်ကြမ်းရော သကြားရော လက်ကျန်နည်းနေ တယ်။ ဒါကြောင့် သကြားဈေးဆွဲတင်လာတာ။ ဒီနှစ်မှာက သကြားဈေးအတက် ကြမ်း၊ အကျကြမ်း မဖြစ်တော့ ကုန်သည်တောင်သူအတွက် အဆင်ပြေကြတယ်။ လာမဲ့ ရာသီမှာလည်း ကြံအထွက်တိုး လာနိုင်တယ်။ စိုက်ဧက တိုးစိုက်လာတဲ့ အတွက်၂၀၁၃-၂၀၁၄ အတွက်သကြား ၂၀ ရာခိုင်နှုန်းလောက်တိုး ထုတ်လုပ်နိုင် မယ်။ လက်ရှိက သကြားတန်ချိန် ၃ သိန်းခွဲနဲ့ ၄ သိန်းကြားမှာ ထုတ်လုပ်မှုရှိတယ်။ တရုတ်က တန် ၁ သိန်းဝန်းကျင် လောက် ဝယ်လိုအားရှိတယ်။ လက်ကျန်နည်းနေ ချိန်မှာ တရုတ်ကလည်းအဆွဲရှိလို့ ဈေးတက်ရိပ်ပြလာတာ" လို့ ပြောပါတယ်။ ဒီဇင်ဘာလလောက်မှာ သကြားကုန်ကြမ်းများ လှိုင်လှိုင်ဝင်လာမှာဖြစ်ကြောင်း၊ ယခုတစ်ပတ်သကြားဈေးနှုန်းမှာ ပေါင်းသကြား တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၀၃၀ ကျပ်၊ တင်လဲရည် ၃၁၀ မှ ၃၂၀ ကျပ်၊ ပွက်သား ၆၃၀ မှ ၆၅၀ ကျပ်၊ ခါသကြား ၇၁၅ မှ ၇၃၅ ကျပ်၊ ခါစက်ကျ ၃၄၀ ကျပ်မှ ၃၇၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး