Main menu

Background

မလေးရှားနဲ့ စင်္ကာပူသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန် ၂၀၀၀ ကျော် တင်ပို့

Tue, 10/29/2013 - 14:45 -- ydnar

အောက်တိုဘာလ ၁၃ ရက်မှ ၁၉  ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့ ကန်ဒေါ်လာ ၄ ဒသမ ၅၆၅ သန်းတန်ဖိုးရှိ ရော်ဘာ ၂၁၂၁ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်ထိ ကာလက အပို့မရှိဘဲ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်မှာတော့ မလေးရှားနိုင်ငံသို့တန် ၂၁၀ သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မလေးရှားသို့ MSR 20   ၁၀၅ တန်နဲ့စင်္ကာပူ သို့ MSR 50  တန် ၂၀၁၆ တင်ပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာရော်ဘာပေါက်ဈေးများ ပြောင်းလဲမှုမရှိ သလို မိမိတို့ပြည်ပပို့ ရော်ဘာဈေးများလည်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။  RSS 1 တစ်တန်လျှင်ကန်ဒေါ်လာ ၂၃၀၀-၂၄၀၀၊ RSS 3 နဲ့ MSR 20  တစ်တန်လျှင် ကန်ဒေါ် လာ၂၂၀၀-၂၃၀၀၊  RSS 5  နဲ့  MSR 50   တစ်တန်လျှင် ကန်ဒေါ်လာ၂၁၀၀-၂၂၀၀၊ Crepe Rubber  တစ်တန် လျှင်ဒေါ်လာ ၂၀၀၀-၂၁၀၀ ဈေးများနဲ့တင်ပို့ခွင့်ပြု သင့် ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ အဆိုပြုထားပါတယ်။   MIRT ( DCCA )