Main menu

Background

ထိုင်းဘတ်ငွေ တန်ဖိုးဆက်လက် ခိုင်မာမည်ဟုဆို

Tue, 09/14/2010 - 10:08 -- Anonymous (not verified)

 ထိုင်းဘတ်ငွေ တန်ဖိုးဆက်လက် ခိုင်မာမည်ဟုဆို    ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Korn Chatikavanij  ထိုင်းဘတ်ငွေတန်ဖိုး ဆက်လက် ခိုင်မာ နေမည်ဟု ကြိုတင်ခန့်မှန်းလိုက်ပါတယ်။ ထိုင်းဘတ်ငွေ ခိုင်မာခြင်းက ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းမှာ အသုံးပြုတဲ့ ဘတ်ငွေနဲ့ငွေကြေးဖလှယ်မှုကို ထိရောက်စေမှာ မဟုတ်ဘူး လို့ပြောကြားပါတယ်။ ဒေသအတွင်းနဲ့ အခြားငွေကြေး စီးဆင်းမှုနယ်ပယ်ကလည်းတူညီတဲ့ ဦးတည်ချက်များအတိုင်း ရွေ့လျားနေခြင်းကြောင့် ထိုင်းဘတ်ငွေ ခိုင်မာရတာလို့ ပြော ကြားပါတယ်။ ယခုနှစ်ထိုင်းဘတ်ငွေခိုင်မာမှုနဲ့ ဆက်လက်ပြီး ခိုင်မာစွာ ရပ်တည်နေမယ်လို့အသိအမှတ်ပြုခံနေရကြောင်း၊ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ဖက်နိုင်ငံများမှ ဝယ်လိုအား တောင်းဆို ချက်အရ ထိုင်းပို့ကုန်တင်ပို့မှုရဲ့ အကိုျးသက်ရောက်မှုကြောင့် ဖြစ်တယ်လို့ပြောကြားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေမှာ ပြီးခဲ့တဲ့ (၂ )နှစ်ကလို ပြန်လည်ဆိုးရွားမှာ မဟုတ်ပေမယ့် စီးပွားရေး ပြန်လည်နလန်ထူမှုမှာ ခန့်မှန်း ထားသလို ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ပြောကြား ပါတယ်။Source: TNA၊ကျော်စိုးဝင်း (မြဝတီ)