Main menu

Background

ထိုင်းစီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်း ရောင်းဝယ်မှု တိုးမြှင့်ဖို့ စိတ်ဝင်စား

Tue, 10/29/2013 - 15:05 -- ydnar

အာဆီယံ စီးပွားရေး အသိုက် အဝန်း (အေအီးစီ) မပေါ်ပေါက်မီ ကြို တင်ပြီး ထိုင်းနိုင်ငံရဲ့အွန်လိုင်းကုန်သွယ် မှုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ ထိုင်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက စိတ်ဝင်စားမှု ရှိနေတယ် လို့ ထိုင်းနိုင်ငံရဲ့ ထိုင်းလင်းနေရှင်နယ် နယူးသတင်းဌာနတစ်ခုရဲ့ ဝက်ဘ်ဆိုက် မှာ ဖော်ပြထားပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အတွင်း ပူးပေါင်းဆောင်ရွက်မှုက ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းသစ်တွေနဲ့အတူ အလားအလာရှိတဲ့ ဈေးကွက်သစ်တွေ ကို ဖော်ဆောင်ပေးလိမ့်မယ်လို့ စီးပွား ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ရှရီရပ် ရပ် စတာပါတာက ပြောပါတယ်။ ထို့အတူ ယခုနှစ်လိုခေတ်မျိုးမှာ အွန်လိုင်းက ရောင်းချမှုမှာ စီးပွားရေးလုပ်ဆောင်တဲ့ အခါ အလျင်မြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာဈေးကွက်အတွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် နိုင်ငံရဲ့အီးကောမတ်လုပ်ငန်း ကို တိုးမြှင့်ပြီး ကောင်းမွန်အောင်ဆောင် ရွက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။ အာဆီယံဒေသတွင်းမှာရှိတဲ့ ပြိုင် ဖက်တွေနဲ့ မိမိတို့ လုပ်ငန်းတွေ ရင် ပေါင် တန်းနိုင်ဖို့ သို့မဟုတ် ပိုမို ကောင်းမွန်အောင်ဆောင်ရွက်ဖို့အတွက် လုပ်ငန်းတွေတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ခရီးသွားလုပ်ငန်းနဲ့ ဝန် ဆောင်မှုကဏ္ဍရှိလုပ်ငန်းတွေကိုလည်း အမြဲတမ်း အတွင်းဝန်က တိုက်တွန်း ပြောကြားပါတယ်။ ထိုင်းနိုင်ငံက အရှေ့ တောင်အာရှဒေသမှာ လျင်မြန်စွာ တိုး တက်နေတဲ့ ဈေးကွက်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေမှာ ရှေ့ဆောင်နိုင်ငံတစ်ခု ဖြစ်တယ်လို့လည်း သူမကပြောပါတယ်။